ဒုတိယအတွဲ Part 3

Start from the beginning
                                    

" ဝေ့ရင်း မင်းကငါ့အတွက် ကံကောင်းခြင်းလက်ဆောင်ပဲ။လူသူမရှီတဲ့ကျွန်းမှာ မင်းကငါ့ထက်အရင်ရောက်နေတော့ ကောင်းလိုက်တာ၊ စားစရာတွေ သောက်စရာရေတွေရှာပေးတာ ကျေးဇူးတင်လိုက်တာ "

ဝေ့ရင်းပြုံးပြီး ငှက်ပျော်သီးတစ်ကိုက်စားကာ သခင်လေးကို ပေးလိုက်သည်။

"အဲ့တစ်ခုတော့ မကြိုက်ဘူး မင်းစားပြီးမှ ငါ့ကိုပေးတယ် "

" သခင်လေးကို စိတ်ပူလို့ပါ "

ဝေ့ရင်းကသူအပေါ်မှာကောင်းတာကြောင့်
သူမကြိုက်လည်း စေတနာနဲ့ဖြစ်မှာပဲဆိုပြီး
ဘာမှမပြောတော့ပဲ စားလိုက်သည်။

🏝️🏝️🏝️

Yibo သစ်သီးစားရတာ အားမရတော့ပေ။ အသားစားချင်လို့ ဝေ့ရင်းကို ဝါးချွန်လုပ်ပေးခိုင်းလိုက်သည်။ ကျောက်စောင်နားမှာ ငါးကိုချောင်းနေတုန်း

" မိပြီ

" အားးး "

ဝေ့ရင်းအော်သံကြောင့် ငါးလွှတ်သွားသည်။

" ဝေ့ရင်း မင်းကြောင့် ငါးလွှတ်သွားပြီ "

" သခင်လေး ငါးတွေကို မသတ်ပါနဲ့ "

"ငါ့နာမည် Wang Yibo! ပါဆို သခင်လေးမဟုတ်ဘူး "

သခင်လေးက မေတ္တာတရားကြီးမားသူပါ
အခုတော့ သူကိုဝါးချွန်လုပ်ခိုင်းပြီး ငါးတွေကိုသတ်ဖို့ ကြံနေတယ် သခင်လေး ပြောင်းလဲသွားပြီဖြစ်သည်။

" ဝေ့ရင်း..ဟိုမှာ! "

သစ်တုံးကိုဖက်တွယ်ပြီး မျောလာတဲ့ လူတစ်ယောက် သခင်လေးက သူကိုကယ်စေချင်တာလား သူကယ်ချင်ပေမဲ့ သူရေထဲဆင်းသွားရင်း အမြှီးထွက်လာမှာ

" သခင်လေး! "

သူတွေးနေတုန်း သခင်လေး ရေထဲဆင်းသွားပြီး ထိုလူသားကို သွားကယ်သည်။

"အားယွင့် "

သခင်လေး ထိုလူးသားကို ကုန်းပေါ်ရောက်အောင်တင်ပြီး အသက်ကယ်နေသည်။

" စစ်ကျွေးပဲ "

သူ သခင်လေးကို ဖယ်ခိုင်းပြီး
စစ်ကျွေးပါးစပ်ထဲလေမှုတ်ထုတ်ပြီး ကယ်လိုက်သည်။

" အဟွတ်..အဟွတ် "

"အားယွင့် နိုးလာပြီ "

" အစ်ကိုလေး "

အားယွင့်အစ်ကိုလေးကိုမြင်ရတာ
အရမ်းဝမ်းသာတာကြောင့် ဖက်လိုက်သည်။

" ဘယ်လိုဖြစ်တာလဲ သင်္ဘောမှောက်တာတော့ မဟုတ်လောက်ပါဘူးနော် "

" ကျွန်တော့် အစ်ကိုလေးနောက် လိုက်ခုန်ချခဲ့တာပါ ကံကောင်းလိုက်တာ အစ်ကိုလေးရော ကျွန်တော်ရောမသေဘူး "

အားယွင့်လွယ်ထားတဲ့ အိတ်သေးသေးလေးထဲက ဆေးဗူးကို ထုတ်လိုက်သည်။

" အစ်ကိုလေး ဆေးသောက်ရမယ် "

အားယွင်သူလက်ထဲသို့ဆေးလုံးကို ထည့်ပေးသည်။ ရုတ်တရက် Yiboလက်ထဲက ဆေးတွေ အောက်ပြုတ်ကျသွားသည်။

" အဆိပ်..အဆိပ် "

ဝေ့ရင်း သွေးရူးသွေးတန်းဖြစ်သွားကာ အားယွင့်ကို ထိုးချလိုက်သည်။

" စစ်ကျွေးဟန်ဆောင်ထားတဲ့ မိစ္ဆာသရဲ ငါ့သခင်လေးကို သတ်ချင်ဦး "

အားယွင့်ကို ထိုးနေတဲ့ ဝေ့ရင်းကို သူတွန်းလွှတ်လိုက်သည်။

" ဝေ့ရင်း "

Wang Yibo ဝေ့ရင်းကို ဒေါသထွက်စွာ အော်ပစ်လိုက်သည်။ ပြီးတော့ ထိုးခံရတဲ့ အားယွင်ကို ကြည့်ကာ မျက်ရည်ကျလာသည်။

" သခင်လေး!!.. "

"အီးဟီးဟီး...အဲ့ဒီဆေးသောက်မှ ငါ့အသက်ရှင်မှာ...ဝေရင်း အဲ့ဒီဆေးသောက်မှ အသက်ရှင်မှာ..ဘာကြောင့်အဲ့လိုလုပ်တာလဲ ..မင်းကလူကောင်းမဟုတ်ဘူးလား..ဟင့် "

မငိုပါနဲ့ သခင်လေး...သခင်လေးငိုရင် ကျွန်တော့်ရင်နာလွန်းလို့ပါ...မငိုပါနဲ့ ...

❤️❤️❤️❤️❤️❤️❤️❤️

Zawgyi

ပင်လယ်မင်းသားလေးWhere stories live. Discover now