part-13📎📎📎

Comenzar desde el principio
                                    

*မုန်းစရာ​ကောင်းလိုက်​တဲ့​ကြောင်​*

ကြာ​တော့ဝမ်​ရီ​ပေါ်ထို​ရွှေဝါ​ရောင်​​ကြောင်​ကြီးအားအမြင်​ကပ်​လာ​လေပီ။တိရိ စ္ဆာန်​မချစ်​တတ်​​သောဝမ်​ရီ​ပေါ့်အဖို့သူ့အားပလစ်​ခံရ​အောင်​လုပ်​ထား​သော ​ရွှေဝါ​ရောင်​​ကြောင်​ကြီးသည်​ အနှိုင်းမဲ့အမြင်​ကပ်​စရာ​ကောင်းလွန်း​နေသည်​။
ယခုဝမ်​ရီ​ပေါ့်စိတ်​ထဲတွင်​ထို​ရွှေဝါ​ရောင်​​ကြောင်​ကြီးအား ဂုတ်​မှဆွဲ၍လွင့်​ပစ်​ချင်​စိတ်​များတဖွားဖွား​ပေါ်​ပေါက်​​နေ​လေသည်​။
နေပါဦ ^ ငါ့ယုန်​ဖြူ က​ကြောင်​ချစ်​တာလား? ​ရွှေဝါ​ရောင်​ကိုကြိုက်​တာလား? ​ရွှေဝါ​ရောင်​​ကြောင်​မလို့ပိုကြိုက်​တာလား???
ငါ့ဆံပင်​​တွေကို​ရွှေဝါ​ရောင်​ဆိုးသင့်​လား???
အဲ့ကျရင်​ယုန်​ဖြူ ငါ့ကိုပိုပီးစိတ်​ဝင်​စားသွား​လောက်​လား???

~ ​ဟေ့ ရွှမ်​လု ငါအတွဲတစ်​တွဲ​တွေ့ပီ ~

ဝမ်​ရီ​ပေါ်အ​တွေးများ​နေစဉ်​ကြားလိုက်​ရတာ​သော​အသံ​ကြောင့်​​နောက်​လှည့်​ကြည့်​လိုက်​​တော့ ​ဂေဟာအဝမှသူတို့နှစ်​​ယောက်​အားပြုံးစိစိဖြင့်​ကြည့်​​နေ​သောမုန်​ကျီယိ!

~ အာ^... နှစ်​​ယောက်​ထဲတစ်​ကမ္ဘာတည်​​နေကြတယ်​​ပေါ့​လေ ~

မုန်​ကျီယိအ​နောက်​မှထွက်​လာ​သောရွှမ်​လုကလည်းသူတို့နှစ်​​ယောက်​အားကြည့်​​၍ပြုံးစိစိဖြင့်​ပင်​​ပြောလာသည်​။

~ သုံး​ယောက်​ပါဟာ ~

လက်​ထဲက​ကြောင်​ကို​မြှောက်​ပြရင်း​ပြောလာသည့်​​ရှောင်းကျန့်​စကားအဆုံး ဝမ်​ရီ​ပေါ်​ခေါင်းကိုသာခါလိုက်​မိ​တော့သည်​။
မုန်​ကျီယိနှင့်​ရွှမ်​လုက​တော့ဗိုက်​ကိုနှိပ်​ကာပင်​ရယ်​​နေကြ​လေ​တော့သည်​။
ရှောင်းကျန့်​က​တော့^အင်း^ထုံးစံအတိုင်းပြူး​ကြောင်​​ကြောင်​​လေးကြည့်​ကာ လက်​ထဲမှ​ကြောင်​ကိုသာဆက်​​ဆော့​နေ​တော့သည်​။

📎📎📎

~ ​ဟောက်​ရွှမ်း တို့များ မိဘမဲ့​ဂေဟာအထိသွားနှာပူးထတယ်​ အံ့​ရော ~

ပုံမှန်​ဆိုငြိမ်​ချက်​သား​ကောင်း​နေ​တတ်​သောကျင်းဇီရွှမ်းက ဒီ​နေ့မှ စကားအရင်​စ​ပြော​နေ​သည်​။စ​နေ့​နေ့ကမိဘမဲ့​ဂေဟာတွင်​ ​ဟောက်​ရွှမ်းက သူ့​ကောနှင့်​စကား​ပြော​နေသည်​ကိုမြင်​ရပီးမှ အ​ကြောင်းစုံကိုနားလည်​ခဲ့ကြသည်​​လေ။

~ ​အံမယ်​ အဲ့တာချစ်​တတ်​တာလို့​ခေါ်တယ်​ဟ ဟုတ်​တယ်​မလား ​ဟောက်​ရွှမ်း ~

~ ဟမ်​ အင်း ဟုတ်​တယ်​ ~

ထူးထူးဆန်းဆန်းသူ့ဘက်​မှ​ထောက်​ခံ၍​ပြော​နေ​သောမုန်​ကျီယိ​ကြောင့်​​ဟောက်​ရွှမ်းအ​ယောင်​အမှားမှားဖြင့်​စကားများပင်​ထစ်​သွားရ​လေသည်​။

~ ဒါနဲ့နင့်ကောနာမည်​ကဘာတဲ့လဲ ~

ရွှမ်​လုကပါနာမည်​အားဝင်​​မေးလာသည်​။သေချာတာ​ပေါ့!ဒီနှစ်​​ယောက်​တစ်​ခုခုကြံ​နေပီ!ငါဝမ်​ရီ​ပေါ်မှန်းရင်​လွဲခဲတယ်​!

~ စုန့်​ကျိယန်​ တဲ့ လှတယ်​မလား နာမည်​​လေးက ~

သူတို့၏အကြံကိုမသိ​သောဝမ်​​ဟောက်​ရွှမ်းကရိုးသားစွာပြန်​​ဖြေလာသည်​။

~ ကျီယိ နင်​ဘယ်​လိုထင်​လဲ ~

အဆက်​အစပ်​မရှိ​မေးလာတဲ့ရွှမ်​လုရဲ့စကားအဆုံးမုန်​ကျီယိကလက်​ခုပ်​တီးရင်း​ပြောလာသည်​မှာ

~ ရွှမ်းယန်​ ~

~ ဘာကြီးလဲ အဲ့တာက ~

နားမလည်​သည့်​သ​ဘောဖြင့်​ဝမ်​​ဟောက်​ရွှမ်းကထ​မေးသည်​။

~ နင်​နဲ့နင့်​​ကောအတွက်​ couple name ~

~ ငါတို့ support ​ပေးမလို့ ~

~ right ~

နှစ်​​ယောက်​သားအတိုင်​အ​ဖောက်​ညီစွာ​ပြော​နေသည့်​စကားများအားဝမ်​​ဟောက်​ရွှမ်းကနားမလည်​သ​ယောင်​​။
ပြောသားပဲ!သူတို့အကြံအစည်​နဲ့သူတို့ပါလို့!
ငါ့ယုန်​ဖြူ ပဲ​ကောင်းတယ်​!ထမင်းစား​နေတာများငြိမ်​လို့!
ငါလည်း​ကောင်းတယ်​!သူ့ကို​မသိမသာခိုးကြည့်​​နေရုံပဲ^....

Note💙

စာလုံး​ရေ ၉၇၀ ပါ​ ^မနက်​ကလည်းအပ်​ထား​သေးတယ်​​နော်😏
ဒါဒါ​တွေဘာ​ပြောသင့်​လဲကိုယ့်​ကွသိ😌
ဒါနဲ့အပန်းမကြီးရင်​​လေအ​နော့်​fic​တွေထဲကအကြိုက်​ဆုံး​လေး​ပြောခဲ့ကြ😄သိချင်​လို့!

Love you all😘😘😘

<30-8-19>

CHAY《completed》Donde viven las historias. Descúbrelo ahora