Part-21

7.1K 974 124
                                    

Part-21

ကံအတော်ကောင်းစွာပင် သခင်ကြီး Yoka သည် သောက်ထားသည့် ယမကာထဲ မူးယစ်စေသည့်အခြားအရာ ရောပါနေသည် မို့ ခေါင်းမထောင်နိုင်ဖြစ်ခြင်းကလွဲလျှင် တခြား ဘာအနာတရမှမဖြစ်။ဒဏ်ရာရာသူများအတွက်လည်း ဆရာဝန်တွေ ပင့်ခေါ်ဆေးကုလျက် အိမ်တော်တွင် အနည်းငယ်ရှုပ်သွားခဲ့သည်။ညတွင်းချင်းပင် ဧည့်ခံပွဲတွင်သွားရောက်စစ်ဆေးသည့် သူတွေက တစ်ဖက်။

စိတ်အရမ်းပူနေသည့် မိခင်ဖြစ်သူနားတွင် နေရင်း သခင်ကြီးကို တစ်ချက် တစ်ချက် အကဲခတ်နေသည့် Tayသည် အခန်းထဲ ပြန်ဝင်လာသည့် Singto ကိုမြင်ချိန်တွင် ထလာခဲ့သည်.။

"တစ်ခုခု ထိခိုက်ထားလား P'Sing ။ ဘာလို့ လက်က တစ်ချိန်လုံးတုန်ရီနေတာလဲ"

"ဘာမှမဖြစ်ပါဘူး။"

Tay သတိထားမိသည်မှာ နည်းနည်းကြာနေပြီ။ပြန်လာကတည်းက Singto ၏ ညာဖက်လက်သည် တုန်ရီနေခဲ့သည်မှာ မကိုင်တွယ်သင့်သည့်အရာကိုကိုင်တွယ်မိ၍ တုန်လှုပ်နေသည့်ဟန်။ မျက်နှာထားသည်လည်း အပျက်ပျက်အယွင်းယွင်း။

"P'Sing တစ်ခုခု"

"သခင်ကြီးလည်းဘာမှမဖြစ်ဘူးဆိုတော့ ကိုယ်ပြန်နားလိုက်ဦးမယ်။ ဘာမှ စိတ်မပူပါနဲ့ သခင်လေး"

ထပ်မေးချင်နေသေးသည့် Tay ကိုချန်ထားကာ ထိုနေရာမှထွက်လျက် သူ၏ အိပ်ဆောင်ဘက်သို့ အမြန်ဆုံးလာခဲ့လိုက်သည်။ တံခါးသေချာပိတ်ပြီး၍ အိပ်ရာပေါ် ထိုင်မိချိန်တွင် တစ်ချိန်လုံး တင်းခံထားသည့် မျက်ရည်တွေက ပါးပေါ် အလုအယက်ကျလာ ကြသည်။

ပြန်မြင်ယောင်မိနေသည်က နာကျင်မှုစွက်သည့် မယုံကြည်နိုင်ဟန်မျက်ဝန်းတွေ-----

မရည်ရွယ်ခဲ့ပါဘူး။ဒါပေမယ့် ရွေးချယ်စရာလည်းမရှိခဲ့ဘူး။ထိတ်လန့်မှုကြောင့် ခုထိတုန်ယင်နေသည့် ညာလက်ကို ဘယ်လက် ဖြင့် အုပ်ကိုင်ဖိထိန်းထားလိုက်သည်။သူ ကြေကွဲရလွန်းလို့ရူးမည်ထင်။ဘဝတစ်လျှောက် တစ်ခါကမှ ဒီလောက်ထိ ဝမ်းမနည်းဖူး။ခုချိန် သူ ဘယ်လိုများနေမှာပါလိမ့်။

တစ်ခေါက်လောက်ပဲ သူ မျက်မြင်အတည်ပြုချင်သည်။လူရောစိတ်ပါနွမ်းနယ်နေသည့်ကြားမှ သူ ချက်ချင်းထရပ်လိုက်သည်။ ညဥ့်သန်းခေါင်ကျော်နေပေမယ့် လှုပ်ရှားနေဆဲ ဂိုဏ်းသားတွေကတော့ သူ့နေရာနှင့်သူ.။ကားကိုယူလျက် ခပ်သွက်သွက်ပင် မောင်းထွက်လာခဲ့လိုက်မိတော့သည်။ ထိုအိမ်တွင်ရှိမည်လား မသေချာပေမယ့် ထိုတစ်နေရာသာ အရင် ရှာရမည်မို့။

နှစ်ပြည်ထောင်ချစ်ခရီးWhere stories live. Discover now