အပိုင်း(၄၅)

Comincia dall'inizio
                                    

"ဖေကြီးရယ် သားကိုလန့်အောင်မလုပ်ပါနဲ့။
ကလေးပြောတာကိုလည်းအရင်နားထောင်
ပေးကြည့်လိုက်ပါအုံး။သား အဖေ့ကိုအမှန်
အတိုင်းပြောပြလိုက်"

ဒေါတသကြီးအော်ဟစ်နေတဲ့အဖေ့ကို
ကြောက်ရွှံ့စွာအနောက်ကိုဆုတ်မိသည်။
အဖေ့ကိုလှမ်းဆွဲနေတဲ့အမေနဲ့ဒေါသထွက်နေတဲ့အဖေ့ကိုကြည့်ရင်းအရာရာဟာဝေဝါးလာ
သည်။စိတ်ကိုအားတင်းထားသော်လည်းအဖေ့ကိုကြောက်သည့်စိတ်ကလက်တွေပါတုန်ယင်
လာသည်။

"သားမလိမ္ဘူးအေမ။ကျနော့်သူငယ်ချင်းနဲ့
သွားတာမို့လို့ သူငယ်ချင်းတွေလို့ပြောတာ"

"သူငယ်ချင်းတွေ ဟုတ်လား။မိဘအိမ်ပေါ်က
ဆင်းပြီးအဲ့ဒီကောင်နဲ့လိုက်ပြေးဖူးတာတောင်
အခုထိသူငယ်ချင်းဟုတ်လား။မင်းငါ့ကိုဘယ်
အချိန်ထိဆက်လိမ်နေအုံးမှာလဲ ထက်မြတ်
ထည်ဝါ။ငါဒီလောက်ခွဲထားတာတောင်မင်းတို့
ကအခုပြန်ဆက်သွယ်နေကြပြီပေါ့လေ"

မျက်ရည်တွေနဲ့ဝေဝါးနေတဲ့ကြားကအဖေ့ကို
ကိုယ်တိုင်တောင်မသိလိုက်ပဲမော့ကြည့်လိုက်မိ
သည်။အဖေပြောနေတဲ့အကြောင်းအရာတွေ
ကိုတစ်စုံတစ်ယောက်အတွက်မခံနိုင်၍
ကြောက်စိတ်တွေကဘယ်ဆီကိုပျောက်ကွယ်
သွားမှန်းမသိနိုင်တော့အောင်ပဲ။

"အဖေအထင်လွဲနေတာ သားတို့ကအဲ့ဒီ
အချိန်ထဲကရိုးရိုးသားသားသူငယ်ချင်းတွေ
အခုထိလဲ သူငယ်ချင်းတွေအနေနဲ့ပဲပြန်တွေ့
တာ။အဖေထင်သလိုမဟုတ်ဘူး"

"လမ်းမဘေးပလက်ဖောင်းပေါ်မှာသမီးရည်းစား
တွေစိတ်ကောက်နေကြသလိုမျိုးမင်းတို့ဖြစ်ချင်
သလိုဖြစ်နေကြတာမြင်တဲ့သူကမြင်ခဲ့ပြီးပြီ။အဲ့တာလည်းသူငယ်ချင်းတွေလိုပြန်တွေ့တာပဲလား။ငါကမင်းကိုဒီအတိုင်းလွှတ်ထားပေးတယ်
များထင်နေလား။မင်းကိုအသက်ကြီးမှလမစေ့ပဲနဲ့မွေးခဲ့လို့ဒီလိုအခြောက်စိတ်မျိုးဝင်နေတာ
လားထက်မြတ်ထည်ဝါ။ငါမွေးထားတာ
ယောကျာ်းလေးကွ ယောကျာ်းလေး"

"သားဘယ်လိုနေပေးရမလဲအဖေ။အဖေ
မွေးထားတာယောကျာ်းလေးပေမဲ့သားစိတ်က
ဒီလိုဖြစ်နေတာကိုဘယ်လိုလုပ်ရမှာလဲ။သားကို
ဒီအတိုင်းအသက်ရှင်ခွင့်ပဲပေးပါ။အဖေတို့သိက္ခာကျအောင်ဘာမှမလုပ်ပါဘူး။သူနဲ့ကျွန်တော်
နောက်ထပ်တွေ့ဖို့အကြောင်းမရှိတော့ဘူး"

တိမ်တိုက်၌ဖြစ်တည်သောDove le storie prendono vita. Scoprilo ora