ဆုပ်လည်းစူး စားလည်းရူးဆိုတဲ့ အဖြစ်မျိုးကို
ခံစားကြည့်ဖူးလား ဘေဘီ...
ကိုယ့်လက်ကိုဆုပ်ကိုင်ထားသလိုပဲ
နောက်လက်တစ်ဖက်က
အခြားတစ်ယောက်ကိုလက်တွဲထားပြန်တယ်...
သိနေပေမယ့် မြိုသိပ်ရတာပေါ့
မဖြစ်မနေလွှတ်ချမယ့်လက်တစ်ဖက်က
ကိုယ်ပဲမလား ဘေဘီ...
ဘာမှမသိတဲ့ လူတော့မဟုတ်ဘူးပေါ့ကွယ်
ချစ်လွန်းလို့ လက်လွှတ်ရမှာကြောက်လွန်းလို့...
Shin Nora
22 Sep 2019
