2

42 6 0

နာကျင်လွန်းသော ဝေဒနာတစ်ခု…

ကြီးစွာသော ဒဏ်ရာတစ်ခုအပေါ်မှာ ပူနွေးနေသော ဘရန်ဒီနှင့် အပက်ခံလိုက်ရသည့်နှယ်။

Yunho တစ်ကိုယ်လုံး မီးမြှိုက်ခံထားရသည့်ပမာ နှလုံးခုန်သံကဒုန်းစိုင်းနေပြီး လူသားတစ်ယောက်အနေအထားနှင့် ခြားနားစွာ လူးလှိမ့်နေလေသည်။

နှလုံးခုန်သံက အရှိန်မြင့်စွာခုန်နေရာမှ တဖြည်းဖြည်း နှေးလာသည်။

အဆုတ်ထဲမှာ ဖျစ်ညှစ်ခံထားရသလို တဖြည်းဖြည်း အသက်ရှုသွင်းရာမှာ ခက်ခဲလာသည်။

ထို့နောက်…ရုတ်တရက်

စူးရှသော အလင်းရောင်တစ်ခုကို မြင်လိုက်ရပြီး……အရာအားလုံး ရပ်တန့်သွားတော့သည်။

သူ့ အသက်ရှုသံ……သူ့ရဲ့လှုပ်ရှားမှုအားလုံး…။

အင်အားတစ်ခုက သူ့မျက်ခွံတွေကို ဆွဲတင်နေသည့်နှယ်……မျက်လုံးတွေပြန်ဖွင့်ဖို့ အတင်းအကြပ် စေခိုင်းနေသည်။

သူ့အမြင်အာရုံတွေကို အနီရောင်အလွှာပါးတစ်ခုက လွှမ်းခြုံထားသည်။ တောအုပ်အလယ် မြေပြင်ပေါ်မှာလဲလျောင်းနေလျက်နှင့်ပင် အစောက သူ့ဝမ်းဗိုက်ဒဏ်ရာမှ နာကျင်မှုဝေဒနာမှာ လုံးဝ မရှိတော့ကြောင်း သူသိလိုက်သည်။

ထိုအသိအာရုံနေရာမှာ  တောအုပ်ရဲ့သက်ရှိလောကကို အလွန်အမင်းစူးရှထက်မြက်စွာ ခံစားသိနေသော အာရုံတစ်ခုက အစားထိုးဝင်ရောက်လာခဲ့သည်။

ပိုးမွှားကောင်လေးများ၏ သေးငယ်ဖျော့တော့သော အတောင်ပံခတ်သံ…အနီးအနားတစ်နေရာရာဆီမှာ ရှိနေသော တောတွင်းသတ္တဝါတစ်ကောင်၏ သွေးနံ့…သူ့ရဲ့အေးစက်နေပြီဖြစ်ပေမယ့် တုံ့ပြန်လွယ်သော အရေပြားဆီသို့ လာရောက်ပွတ်တိုက်နေသော ကျောက်စရစ်ခဲများ… သစ်ကိုင်းစလေးများ၏ အထိအတွေ့…။

အရိပ်တစ်ခု သူ့အနီးချဉ်းကပ်လာသည်ကို ခပ်ဝါးဝါးမြင်ရသည်။ အနီရောင် ကြားထဲမှ အားစိုက်ကာကြည့်လိုက်တော့ သူ့ကို ရှာတွေ့ခဲ့သည့်  ထိုအရပ်ရှည်ရှည်နှင့် ပုဂ္ဂိုလ် ဖြစ်ကြောင်းတွေ့ရသည်။

တိကျပြတ်သားသော ပါးရိုး…ရှည်လျားဖြောင့်စင်းသော နှာတံ… ဝိုင်းစက်ကြီးမားသော မျက်လုံးတွေရဲ့ ညှို့ဓာတ်ကြောင့် သူ့ရင်ထဲမှာ ကျဉ်သွားသော ခံစားမှုတစ်ခုကို ရလိုက်သည်။

အဆုံးမဲ့Read this story for FREE!