အပိုင်း(၁၈)

3.3K 530 68

" အခုတ​လော အရှင်​ ခံတွင်း နည်းနည်း ပျက်​​ချင်ေ​နသလို
ဖြစ်​ချင်​​နေလို့ ခံတွင်း​ ​တွေ့​စေမယ့်​ ဟင်းလျာမျိုး​တွေကို
အစပ်​အဟပ်​တည့်​​အောင်​ ​သေချာ ဂရုစိုက် ​ချက်​​ပေးပါ
အရင်​တုန်းက ချက်​သလိုမျိုး အချိုကြီးပဲမဟုတ်​ပဲ
အချဉ်​တို့ ၊ အငန်​တို့ အရသာ​ပေါ်လွင်​တဲ့ ဟင်းမျိုး​တွေ
ထည့်​ပြီး ပွဲ​တော်​တည်​ခင်း​ပေး​စေချင်​တယ်​ အားလုံးပဲ
ကြင်​ယာ​တော် ပြောတာကို နားလည်​ကျတယ်​မလား "

" ဟုတ်​ကဲ့ ကြင်​ယာ​တော် "

" ​ကောင်းပြီ အဲ့ဒါဆို ​မောင်​မင်းတို့ အားလုံး
ကိုယ့်​အလုပ်​ကိုယ် ​ပြန်​လုပ်​လို့ ရပြီ "

" ဟုတ်​ကဲ့ ကြင်​ယာ​တော်​ "

အရှင်​ ညီလာခံသို့​ ခေါ်သည်​ကို ​မလိုက်​ပဲ စားဖို​ဆောင်
ထဲတွင်​နေမ​ကောင်း ဖြစ်​​ချင်ေ​န​သော မိမိကိုယ်​ မိမိ​တောင်
ဂရုမစိုက်​နိုင်​ ။

ခံတွင်း ပျက်​​ချင်ေ​န​သော လင်​​ယောက်ျား အရှင်​မင်းကြီး
ခံတွင်း​ တွေ့​စေရန်​ စားဖိုမှူးတို့အား အထူးတလည်
မှာကြား​ပေး​နေ​သော ကြင်​ယာ​တော်​ ။

မည်​မျှပင်​ စိတ်​ထဲက အရှင့်​ကို နာကြည်း ၊ မုန်းတီး
နေသည်​ဟုဆိုဆို ။ တကယ့်​ . . တကယ်​တမ်းတွင်
အရှင့်​ မျက်​နှာကို အမြဲ အကဲခတ်​တတ်​ပြီး အရှင်​ရဲ့
တစ်​​နေ့တာ လှုပ်​ရှား​သော အပြုအမူ အဖုံဖုံတိုင်းကို
လိုက်​မှတ်​သားကာ ဂရုစိုက်​​ပေးတတ်​သည်​မှာ သူ့၏
မွေးရာပါ အကျင့်​တစ်​ခုလိုပင်​ ဖြစ်လို့ေ​န ။

ဖြစ်​နိုင်​လျှင်​ အခုလို စားဖိုမှူးတို့အား အချိန်​ကုန်​ခံပြီး
မှာကြားကာ ၊ လိုက်​ပြီး အရသာမြည်း​​ကြည့်​​နေသည့်
အချိန်​​တွေတွင်​ သူကိုယ်​တိုင်​ ကိုယ်ကျ ​အရှင်​ကို
ချက်​ကျွေးလိုက်​ချင်​​သော်​လည်း . . .

အားကိုး အားထားပြုရာ သူ့၏ ညာလက်​သည်​ကား
ဆေး​သောက်​​သော်​လည်း ယခုချိန်​ထိပင်​ တူတစ်​စုံ
ကို​တောင်​ တည်​တည်​ငြိမ်​ငြိမ်​ပင်​ ကိုင်​လို့မရ​သေးပဲ 
သုံးစားလို့ မရဖြစ်လို့ ​နေ​သည့်​ အတွက်​ စိတ်​ကို​မနည်း
အားတင်းကာ လက်​​လျော့လိုက်​​ရ​​ချေ ။

|| ကြင်​ယာ​တော်ြေ​ဗာင်​ ||Where stories live. Discover now