Part-5

8.2K 1K 56
                                    

ဂုဏ်သရေရှိအသိုင်းအဝိုင်းတစ်ခု၏စီးပွားရေးလုပ်ငန်းသစ်အတွက် ဂုဏ်ပြု ပွဲတွင်ဖြစ်သည်။ သခင်ကြီးက Tay ကိုတက်ရောက် စေသည်မို့ Singto ဦးဆောင်သည့် ကိုယ်ရံတော်အဖွဲ့သည်လည်း လိုက်ပါလာရသည်။ ညနေခင်း အိမ်တော်ကြီးတစ်ခုတွင် ပြုလုပ်သည့်ပွဲပေမို့ မီးရောင်စုံများဖြင့် ခမ်းနားထည်ဝါလှသည်။ ဤကဲ့သို့ ပွဲမျိုးတွေကပဲ မသမာမှုတစ်စုံတစ်ရာကျူးလွန်ရန် အခွင့်ပေးသကဲ့ ဖြစ်နေကျ မို့ Tay ၏ လုံခြုံရေးကို Singto တို့အထူးဂရုစိုက်နေသည်။

“တိုက်ဆိုင်လိုက်တာဗျာ. P’Sing ဟိုမှာ P’Krist မဟုတ်လား.”

လာချပေးလာသည့် အစားအသောက်တွေကိုမြည်းစမ်းနေရင်း Tay ခေါင်းဆတ်ပြတော့ Singto ကြည့်လိုက်မိသည်။ ဟုတ်ပါသည်။ ပန်းဖျော့ရောင်ရှပ်အင်္ကျီနှင့်အနက်သမ်းသည့် ဂျင်းဘောင်းဘီဖြင့် Krist သည် လည်ပင်းတွင် ကင်မရာလေး ချိတ်ဆွဲလျက်သားဖြင့်။

“သွားမနှုတ်ဆက်တော့ဘူးလား ကိုယ့်ချစ်သူကို.”

“သူ အလုပ်များနေတယ်ထင်တယ် နေပါစေ.။ကိုယ်တို့ကတကူးတက နှုတ်ဆက်ရမယ့် ဆက်ဆံရေးမှ မဟုတ်တာ။”

“သြော် ပိုင်ဆိုင်ကြောင်းပြနေပြန်ပါပြီ.”

Singto နှင့် Tay က စကားပြောနေသော်လည်းအကြည့်တို့က ဓါတ်ပုံတဖျပ်ဖျပ်ရိုက်နေသည့် Krist ထံတွင်ရှိနေကြသည်။ ထိုသို့ကြည့်နေရင်းမှ မူမမှန်သည့် လူတစ်စုကို Singto သတိထားမိသည်။ ဘေးနားမှာ ထိုင်နေသည့် Ri က Singto ၏အရိပ်အကဲကိုသိသည်။

“တိုက်ခိုက်မှုတစ်ခုဖြစ်တော့မယ်ထင်တယ်။ ပြန်ကြစို့ သခင်လေး.”

“ဟမ် နေပါဦး။ဒီမှာစားလို့မပြီးသေး---”

Tay တစ်ယောက်မတ်တပ်တောင် ထမရပ်လိုက်ရသေး အသံတိတ်သေနတ်တွေထံမှ ကျည်ဆန်တွေပြေးလာနေသည်ကို တွေ့သည် ။ပွဲတစ်ခုလုံး ဝရုန်းသုန်းကားဖြစ်ကုန်သည်။ ပွဲ၏ တာဝန်ခံကိုယ်ရံတော်တို့ထံမှ သေနတ်တွေကလည်း တစ်ဖက်စီသို့ ပြေးဝင်သည်။ သို့သော် ပုန်းလျှိုးကွယ်လျှိုး ပစ်ခတ်နေကြသည်ဖြစ်သဖြင့် ပွဲအတွင်းမှ လူများသည် ထွက်ပြေးရမည်လော. ပုန်းကွယ်နေရမည်လော. နှင့် ကုန်းကုန်းကွကွဖြစ်နေကြရသည်။

နှစ်ပြည်ထောင်ချစ်ခရီးWhere stories live. Discover now