အဆောင်ပြန်ရောက်တော့ ၁၁ခွဲနေပြီမို့
Ming Mingက အိပ်နေလေပြီ
ကျောင်းအဆောင်ပတ်ဝန်းကျင်ကတိတ်တိတ်ဆိတ်ဆိတ်
Lap topလေးကိုဖွင့်လိုက်ပြီး
ဖေဖေတို့ဆီ Video Callခေါ်ရန်ပြင်လိုက်သည်
ဒီအချိန်ဆို ထိုင်းမှာ ၉ခွဲပဲရှိနေဦးမှာမို့ ဖေဖေတို့အိပ်ဦးမည်မဟုတ်
Meanသည် ပုံမှန်မဟုတ်သောမိသားစုတစ်စုမှမွေးဖွားလာသူပင်
အဖေနှစ်ယောက်နှင့် အမေကမည်သူမှန်းမသိရ...
ခဏကြာတော့ Screenပေါ်မှာ ဆံပင်မှာ ငွေဖြူရောင်တွေပင်သန်းချင်နေသော အသက်၄၀ကျော်အရွယ် အမျိုးသားတစ်ယောက်ပေါ်လာလေသည်
ဆံပင်တွေမှာ ငွေဖြူရောင်သန်းနေသော်လည်း
သူကချောမောနေဆဲပင်
"Pa Mark...Sawadii khap"
Meanက လက်အုပ်ချီ ကာနှုတ်ဆက်လိုက်တော့
Screenတစ်ဖက်မှ Markက ပြုံးပြသည်
"သား အဆင်ပြေရဲ့လား
ထမင်းရော ပုံမှန်စားရဲ့လား."
Markမေးတော့မှ Mean ဆိုင်ကအပြန်ဝယ်လာသောကော်ဖီဘူးလေးမှာ Planဆိုသောသူကြောင့်လမ်းမှာ ပြုတ်ကျ ကျန်ခဲ့တာသတိရမိသွားသည်
Markစိတ်ပူမှာစိုး၍
"ဟုတ် Pa...စားပြီးပြီ
ဒါနဲ့ Pa Gunရော "
Meanအမေးကြောင့် Markက Screen ကိုတစ်ဖက်သို့လှည့်ပြတော့
စူပုပ်ကာ သူ့တယောကြိုးလေးတွေကိုပြန်ညှိနေသော
Gunကိုတွေ့လိုက်ရသည်
အနုပညာဋ္ဌာနမှာ စီနီယာ ဂျူနီယာ အဖြစ် စတင်ရင်းနှီးခဲ့ကြာသော Paတို့နှစ်ယောက်သည် နိုင်ငံအဆင့်ဆုများအထိရရှိခဲ့သော ဂီတပညာရှင်များပင်
ယခုမူ Paတို့က အိမ်မှာပင်ဂီတသင်တန်းများဖွင့်ရင်း
အေးချမ်းစွာနေထိုင်ကြသောကြောင့်
သူ၏ငယ်ဘဝသည် ဂီတ တူရိယာ များနှင့်အတူ နူးနူးညံညံ့ကြီးပြင်းလာရသောသူပင်
"Pa Gun...စိတ်ကောက်နေပြန်ပြီလား..."
Mean ကရီရင်းလှမ်းမေးလိုက်တော့
Gunကတစ်ချက်မော့ကြည့်လာတယ်
Pa Gunကလေ အခုထိ စိတ်ကောက်တတ်တုန်း
သူစိတ်ကောက်တိုင်းလည်း Pa Markကအမြဲ စိတ်ရှည်လက်ရှည်ချော့တတ်သူမို့ သူတို့ကြားထဲ ရန်ဖြစ်တာသိပ်မတွေ့ရ...
"ငါက ကောက်စရာလား..."
ပြောပြီး Gunက သူ့တယောကြိုးလေးတွေကိုပြန်ညှိနေတယ်...
Markက သူ့မျက်နှာဖက် Screenကိုပြန်လှည့်လိုက်ပြီး
