ကောလဟလ ဘုရင်​မ (၂)

7.5K 1.2K 34
                                    

ကောလဟလ ဘုရင်​မ (၂)
~~~~~~~~~~~~~~~~~~~~

ထျန်းယွမ်​တစ်​ယောက်​ကတော့ ယနေ့မှ အစ်​မကျန့်​ညန်​ ဘယ်​လိုကြောင့်​ ထူးထူးဆန်းဆန်း ပြုမူနေတယ်​ဆိုတာ​ကို နားမလည်​နိုင်​ဖြစ်​နေရလေတယ်​။ 

ထျန်းယွမ်​ မင်​ရှုနောက်​လိုက်​လာပြီးတော့ နှစ်​ယောက်​သား လမ်းလျှောက်​ထွက်​လာခဲ့ကြတော့တယ်။ ထျန်းယွမ်​ကတော့ သူမရဲ့ အလုပ်​ရှင်​ ထူးခြားနေတာကို သတိပြုမိတယ်​။ အစ်​မကျန့်​ညန်​က သဘောကောင်းတာတော့အမှန်​ပဲ။ ဒါပေမယ့်​ လူအများအကြည့်​ခံနေရတဲ့ အချိန်​မျိုးမှာပဲ ပြုံးပြတတ်​တာ။ အခုနဲ့မတူ။ အခုတော့ သူမ မျက်​နှာပေါ်မှာ ပြုံးယောင်​ယောင်​ကလေး အမြဲဖြစ်​နေတယ်​။

သူမသွင်​ပြင်​က ပေါ့ပါးအေးဆေးမယ့်​ဟန်​၊ သို့သော်. . .

ထျန်းယွမ်​အတွက်​ အအံ့သြရဆုံးက မင်​ရှု အစားကြီးလာတဲ့ကိစ္စ။ သူမ အတတ်​နိုင်​ဆုံး မင်​ရှုကို တားဖို့ ကြိုးစားသေးတယ်။

"အစ်​မကျန့်​ညန်​ရယ်​ ဆက်​မစားပါနဲ့တော့... အစ်​မအိုက်​လင်းသာသိသွားရင်​ အစ်​မကို မတားရကောင်းလားဆိုပြီး ကျွန်​မ အသတ်​ခံရတော့မှာပဲ...!" ထျန်းယွမ်​ မင်​ရှုလက်​ထဲက ကိတ်​မုန့်​ကို လုဖို့ ခုန်​လိုက်​တယ်။ ဒါပေမယ့်​ မင်​ရှု အရပ်​က သူမထက်​ တော်​တော်​လေး ပို မြင့်​နေတော့ သူမ မမီနိုင်​ဘူး။ အားမလိုအားမရနဲ့၊ ထျန်းယွမ်​ ငိုချင်​စိတ်​ပါ ပေါက်​လာမိတော့တယ်​။

ဖြတ်​သွားဖြတ်​လာတွေလည်း သူတို့ကို ကွက်​ကြည့်​ကွက်​ကြည့်​ဖြစ်​လာကြတာပေါ့။

ကလေးမတစ်​ယောက်​က မိန်းမလှလေးတစ်​ဦးလက်​ထဲက ကိတ်​မုန့်​ကို လုဖို့ ခုန်​ဆွ ခုန်​ဆွ လုပ်​နေတယ်​။ ဒါပေမယ့်​ အဲ့ဒီမိန်းမလှလေးက တစ်​ချိန်​လုံး ပြုံးနေလျက်၊ ကိတ်​မုန့်​ကို ပိုမြင့်​အောင်​ မြှောက်​ကိုင်​ကာ ကလေးမကို စနောက်​နေလေရဲ့။ သူတို့ စိတ်​ထင်​ပဲလားတော့မသိ၊ မိန်းကလေးနှစ်​ယောက်​နားက ဝန်းကျင်​အခြေအနေမှာ ပန်းရောင်​လေပူဖောင်းကလေးတွေ ဝဲလွင့်​နေသလို ဖြစ်​နေတယ်​လို့ ထင်​မိကြလေတယ်။
[NC: ရိုလိုက်​တာရော်​... 😑]

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now