သူတို့နှစ်ယောက်ရဲ့ပုံတေကြည့်ရင်း saint အံအားသင့်ကာ ငိုရမလိုလို ရယ်ရမလိုလိုနဲ့ပေါ့
Saint: ဟီးဟီး😊😊😊 ဒါ ဟိုနေ့ ဟုတ်တယ် ဟို့နေကပုံတေလေ ဂျာကြီးရဲ့ အဲ့နေ့ကအကြောင်းကို ဂျာကြီးကို saint အကုန်ပြောပြတယ်လေ ဂျာကြီးကလည်း သိရဲ့သားနဲ့လာမေးနေသေးတယ်
ဂျာကြီးလည်း saint ကိုမျက်လုံးပြူးကြည့်ကာ
ဂျာကြီး- သူကများပြန်ပြောရတယ်ရှိသေး အဲ့နေ့ကဘာပြောမှန်းကိုမသိတာ တောင်ပြောမြောက်ပြောနဲ့ဘာတစ်ခုမှကိုရေရေလည်လည် နားမလည်ဘူးSaint: ခက်တာပဲနော် သူတို့ကလည်း ဒီပုံကြီးကိုမှ အကြီးကြီး ဂျာနယ်ထဲထည့်စရာလား
ဂျာကြီး-အော်... ဒီမှာလည်းသေချာကြည့်အုံးလေ ထည့်လည်းထည့်ချင်စရာပဲ သူ့ရဲ့လက်က နင့်ရဲ့ခုံပေါ်မှာ အဲဒီလောက်ထိဘယ်လောက်တောင် ဘယ်တုန်းကရင်းနှီးသွားကြတာလဲ
Saint: မရင်းနှီးပါဘူး ဂျာကြီးကလည်း saint တောင်လေ အဲနေ့တုန်းကသူဘာလို့အဲ့လိုလုပ်တာလည်းဆိုတာ ခေါင်းထဲမှာစဉ်းစားနေတာ စဉ်းစားလို့မရဘူးဖြစ်နေတာ
ဂျာကြီး-အခုချိန်ထိစဉ်းစားလို့မရသေးဘူးပေါ့ ဟုတ်လားမင်းငါ့ကိုပြောတာလေ ဟို model သူ့နားရောက်လာတုန်းမင်းကိုဆွဲထိုင်လိုက်တာဆို အဲ့တာမင်းကိုအသုံးချမှာသိရဲ့လားဟင် လူတေအားလုံးကို အာရုံပြောင်းလိုက်တာမင်းနဲ့သူ့ကိုဘာလိုလိုလုပ်လိုက်တာ အဲ့တာမင်းသိရဲ့လားဟင်
Saint: အဟား😀😀 အဲ့တာကြောင့်ကိုး saint လည်းအဲ့နေ့ကအဲ့အတွေးလေးဖျတ်ကနဲဝင်လာသေးတယ် ထင်တော့ထင်သားပဲ
ဂျာကြီး- ထင်မနေနဲ့ ဖြစ်နေတာ နော် မင်းတို့လူပျိုကြီးတေကလေ ယောကျာ်းလေးတစ်ယောက် ရိသဲ့သဲ့လုပ်လိုက်တာနဲ့ ပူထူပီးဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကုန်တော့တာပဲ
Saint:ဟာ ဂျာကြီးကလည်း လူပျိုကြီးနဲ့ဘာဆိုင်လို့လဲ လူပျိုကြီးတိုင်းမဟုတ်ပါဘူး ဟိုမှာ MrPerth ကနာမည်ကြီးသူဋ္ဌေးလေပြီးတော့ရုပ်ကလည်းဖြောင့်တယ်ဆိုတော့ သူ့အရှိန်အ၀ါနဲ့ နဲနဲပါးပါး ကျွန်တော်က လန့်တာပေါ့
ВЫ ЧИТАЕТЕ
Default Title - ကြွေကျခဲ့ပါ
Любовные романыPerth and Saint ရဲ့ romantic ဇာတ်လမ်းလေးတစ်ပုဒ်