1

229K 7.4K 247
                                    

လှပလွန်းသည့်​ မန္တ​လေးအလှတရားနှင့်​အတူ​ ​ကျုံးမြို့ရိုးကြီးအ​ကျော်​က မန္တ​လေး​တောင်​အလှကိုကြည့်​ရင်း
နေလ​ရောင်​ စိတ်​ကူးယဉ်​ကြည့်​​နေမိသည်​။ခု သူ​ရောက်​​နေတာက ကျုံး​​ဘေး မန္တ​လေး​တောင်​ကို မြင်​ရသည့်​​နေရာပင်​။

"အင်း..ဒီမန္တ​လေး​တောင်​နဲ့ကျုံးလိုမျိုး ကြည့်​​နေရုံနဲ့
လှတယ့်​ဒီဇိုင်းမျိုး ဖန်​တီးရမယ်​"

ထိုအကြံ​ကြောင့်​ လက်​​ဖြောက်​တစ်​ချက်​တီးရင်း
အ​ပေါက်​အပြဲ၊အ​ဖာအ​ထေးဗျစ်​ထူ​နေ​သော
လွယ်​အိတ်​ထဲမှအဖြူ​ရောင်​စက္ကူ A4စာရွက်​တစ်​ရွက်​ကို
ထုတ်​၊ကိုမာဘူးမရှိတာ​ကြောင့်​ လွယ်​အိတ်​ထဲဘဲ
အလွယ်​တကူထည့်​ထားသည့်​ ခဲတံပုတိုတစ်​​ချောင်းကို
လက်​နှိုက်​ယူကာ အင်္ကျီပုံကို လ​ရောင်​စဆွဲ​တော့သည်​။

"ဒီလို မျက်​စိ​အေးကြည်​လင်​ဖို့ဆိုရင်​ အဖြူနဲ့အစိမ်းနုကို
သုံးရမယ်​"

စိတ်​ကူးထဲကအတိုင်း အဖြူ​ရောင်​ဂါဝန်​ဝဲ​လေး​ပေါ်တွင်
သစ်​ရွက်​က​လေး​တွေအထပ်​ထပ်​ပုံစံကို ခါး​ပိုင်းက​နေ
အောက်​ဘက်​ဆုံးအထိ ဖြာထွက်​​နေသည့်​ပုံ​စံ
ဆွဲလိုက်​၏။ဘာမှမခြယ်​ထားရုံနှင့်​တင်​​ သူ၏အင်္ကျီပုံ​လေးသည်​ အမြင်​ရှင်းကာရိုးရိုး​လေးနှင့်​ဆွဲ​ဆောင်​မှုရှိ​နေသည်​။
ဆွဲပြီးသည်​နှင့်​ကိုယ့်​လက်​ရာကို လ​ရောင်​တစ်​ချက်​ကြည့်​ကာ.

"အရမ်းလှတာဘဲ မင်း​တော်​တယ်​​နေလ​ရောင်​.."

ကိုယ့်​ကိုယ်​ကိုချီးကျူးပြီး​ ဘယ်​အချိန်​ရှိပြီလဲ သိချင်​သည်​မို့ လက်​ပက်​ကြိုးပြတ်​သွားသည်​​ကြောင့်​ လွယ်​အိတ်​ထဲထည့်​ထား​သောနာရီ​လေးကိုယူကြည့်​လိုက်​​တော့..

"ဘာ ရှစ်​နာရီခွဲပြီးငါးမိနစ်​."

နာရီကြည့်​ပြီးသည်​နှင့်​​ ခုံ​ပေါ်မှအမြန်​ထကာ လွယ်​အိတ်​အစုတ်​​ထဲသို့ ​ဘေးနားမှာချထားသည့်​ စာရွက်​​တွေ ​ရောင်​စုံ​တွေကို ဝရုန်းသုန်းကား အမြန်​​​ကောက်​ထည့်​ရသည်​။
ပြီးကျမှ ဆွဲထားသည့်​စာရွက်​​ကို သချာင်္စာရွက်​ထူထူကြားထဲ မ​ခေါက်​​စေရန်​​ သေချာညှပ်​ကာ စာအုပ်​ကိုလွယ်​အိတ်​ထဲ​သေချာထည့်​ပြီး လွယ်​အိတ်​ကိုလွယ်​ ဘေးမှာရပ်​ထားသည့်​ စက်​ဘီး​ပေါ်ကိုအမြန်​ခွ၍
အ.ထ.က၆အထိ မိုင်​ကုန်​အမြန်​စီးလာရသည်​။
ကျောင်း​ရောက်​​တော့ ​ကျောင်းတက်​သွားသည်​​ကြောင့်
ဂိတ်​တံခါးပင်​ပိတ်​​တော့မည်​။လ​ရောင်​ အမြန်​​ပြေးကာ..

You're my everything(Zaw and Uni) (Completed)Where stories live. Discover now