အပိုင်း(၁၇)

Start from the beginning

" အရှင်​က ဘယ်​မှာတဲ့လဲ ! ကိုယ်​ရံ​တော်​Oh "

" အရှင်​က ကိုယ်​လုပ်​​တော်​ကျန်းရဲ့ ​မွေး​နေ့ပွဲမှာပါ
ကြင်​ယာ​တော်​ "

ကြားလိုက်​ရတဲ့ ကိုယ်​ရံ​တော်​Ohဆီမှ စကား​ကြောင့်
သူ၏ တွန့်​ချိုးတက်​သွား​သော မျက်​ခုံးတစ်​စုံနှင့်​ အတူ
စိတ်​ထဲတွင်​​လည်း အမျက်​​​တော်​​များစွာ ​ထောင်းခနဲနှင့်​ပင်
ထ ထွက်ေ​ပါ် လာခဲ့ရ​ပေ ။

~ ဘယ်​ချိန်​ထိ အရှင် မိဖုရား​တွေနဲ့ ကြည်​နူး​နေတာ​တွေကို
Byun လာ ကြည့်​​နေ​ပေးရဦးမှာလဲ အရှင်​ ~

သူ့ကို ချစ်​တယ်​​ပြောပြီး ယခုချိန်​ထိ သူ့အား ကြည့်​ခိုင်းလို့
မကုန်​ဆုံးနိုင်​​သော မိဖုရား​တွေနဲ့ နှစ်ကိုယ်တည်း ကြည်နူး
ေ​​​​​န​သော အချစ်​ဇာတ်​လမ်းတို့အား ကြည့်​ရန်​ ...

ကိုယ်​ရံ​တော်​Ohအား အ​ခေါ်​တော်​ လွှတ်​ခိုင်း​လိုက်​သည့်
အရှင်​အား သူ့ စိတ်​ထဲ ပိုပို နာကြည်း​စပြုမိ​၏ ။

ထို့​နောက်​ သူ့အ​ရှေ့မှ ဦးညွှတ်မပြတ်​ပဲ သူ့ထံမှ လိုက်​မယ် ​၊
မလိုက်​ဘူး ဆိုသည့်​အ​ဖြေစကားအား ကိုယ်​ရံ​တော်​Oh
နားစွံ​နေ​တဲ့အတွက်​...

" မလိုက်​ဘူး "

" ကြင်​ယာ​တော်! "

" အရှင်​​မေးရင်​ ကြင်​ယာ​တော် ​နေမ​ကောင်းလို့ မလာနိုင်​ဘူးလို့
ပြန်​​ လျှောက်​တင်​​​ပေးလိုက်​ပါ ကိုယ်​ရံ​တော်​Oh "

~ ချယ်​ရီပန်း​တွေ ရနံ့က ​မွှေး ခဏပဲ အရှင်​ ​ ​ ~

* ဒုန်း *

ဒေါသသံတို့ ဖုံးလွှမ်း​နေ​သော ​လေသံ ခပ်​မာမာဖြင့်
ပြောကြားပြီးသည်​နှင့်​ တစ်​လွှာတည်းစုစည်းထားသည့်
ခေါင်းတွင်​ ပန်​ဆင်​ ထိုးစိုက်​ထား​သော ...

မယ်​​တော်​ဆီမှ ပြန်​လာပြီးပြီးချင်း အရှင်​​ထံမှ
လက်​​ဆောင်​ရထား​သော ချယ်​ရီပန်းပုံထွင်းထားသည့်​ 
ကျောက်​စိမ်းဆံထိုး​လေးအား ဆွဲနုတ်​ယူပြီး ကြမ်းပြင်​​ပေါ်သို့
ပစ်​ချလိုက်​ကာ မိမိအ​ဆောင်​သို့ပြန်​ကြွသွားခဲ့​သော
ကြင်​ယာ​တော်​ ။

|| ကြင်​ယာ​တော်ြေ​ဗာင်​ ||Where stories live. Discover now