အပိုင်း(၁၇)

3.4K 700 92

အမုန်း​တွေ ၊ သံသရာ​တွေ ဖုံးလွှမ်း​နေတဲ့ နှလုံးသား
ဖြူစင်​​သော ချစ်​ခြင်း​ မေတ္တာ​တွေအား အတုအ​ယောင်​လို့သာ
ထင်​မှတ်​ မှားယူ​နေသ၍ ​နာကျင်​မှုတို့ ကုန်​ဆုံးနိုင်မည်​ မဟုတ်​ ။

°•°•°❀ ကြင်​ယာ​တော်BYUN ❀°•°•°

ပြေ​ပြေ​လေး တိုက်​ခတ်​​နေတဲ့ ​လေညှင်း​လေး ။ အမုန်းဆုံး
ဟူ​သော ချယ်​ရီပန်း၏ ရနံ့အား သယ်​ဆောင်​လို့ ယူလာ
ပေးသည်​မှာ ကြင်​ယာ​တော် အတွက်​​တော့ စိတ်​မသက်
မသာ ဖြစ်​စရာပင်​ ။

လေညှင်းခံ​ဆောင်​တွင်​ ​ခြေစုံရပ်​လျက်​ မလှမ်းမကမ်း​တွ​င်
ြ​မင်​​တွေ့​နေရ​သော ချယ်​ရီပန်းကြီး​၏​ အောက်​တွင်​ ​မြင်​​ယောင်
နေမိသည့်​ တစ်​ချိန်​က မျက်​နှာ​ပေါ်က အပြုံးပန်း ကိုယ်​စီ
ပန်​ဆင်​လျက်​ လိုက်​တမ်း​ပြေး​တမ်း​ဆော့​နေကြ​သော
ဆုံးဖြတ်​ချက်​ တစ်​ခု​တောင်​ ပြ​တ်​သားစွာ မချ​နိုင်​​သေးတဲ့
ဆယ်​​ကျော်​သက်​ အရွယ်​သာသာ သာရှိ​သေးသည့်
သူနှင့်​ အရှင်​တို့ ငယ်​ဘဝ၏ ပုံရိပ်​များ ။

တွေးကြည့်​တိုင်း ၊ ပြန်​ မြင်​​ယောင်​တိုင်း ​​မျက်​နှာ​ပြင်​ထက်​တွင်
အပြုံးပန်း​တွေ ပွင့်​​ဝေ​စေသည့်​ အမှတ်​တရ​ကောင်း​လေး တစ်​ခု ။

မြင်လွှာမှ ​တ​ဖြေး​ဖြေးနှင့်​​ ပျောက်​ကွယ်​၍ သွားသည်​နှင့်
သူ့၏ မျက်​နှာ​ပြင်ထက်​​တွင်​ တခဏတာ ဖူးပွင့်​​နေ​သော
အပြုံးပန်း​လေး​တွေသည်​လည်း တစ်​စတစ်​စနဲ့ ပင်​ 
ကွယ်​​ပျောက်​၍ သွားခဲ့ရ​လေသည်​ ။

" ကြင်​ယာ​တော် "

အနားသို့​ ရောက်​လာပြီး ဂါရဝပြု​လာ​သော ကိုယ်​ရံ​တော်​Oh ။

" ဘာကိစ္စရှိလို့လဲ ကိုယ်​ရံ​တော်​Oh "

" မှန်​လှပါ အရှင်​မှ ကြင်​ယာ​တော်​ကို အခေါ်​တော်
လွှတ်​လိုက်​လို့ပါ ကြင်​ယာ​တော် "

" အ​ခေါ်​တော်​လွှတ်​လိုက်​တယ်​! "

" ဟုတ်​ကဲ့ ကြင်​ယာ​တော် "

|| ကြင်​ယာ​တော်ြေ​ဗာင်​ ||Where stories live. Discover now