"ငါဆေးရုံမှာ တစ်ညလုံးနေနေရတာကျတော့ မင်းကမမြင်ဘူး.. မင်းအမေ နာရေးကိုကူမလုပ်တာကျ မြင်တယ်ပေါ့ ဟုတ်လား မိုးမခ..."

အလုပ်ရှုပ်လွန်းသော ဆရာဝန်ကိုမှယူထားမိသည့် မိုးမခ၏ မဟာအမှားပင်။

"ရှင်က ရှင့်ညီမကိုစိတ်ပူနေတာလား ရှင့်ညီမရဲ့ယောင်္ကျား မင်းခန့်မောင်ကို စိတ်ပူနေတာလားတောင် ကျွန်မသေချာမသိတော့ဘူး...."

မိုးမခစကားကြောင့် ဇေယျာဟိန်းထက် မျက်စိမျက်နှာများ လုံးဝပျက်သွားသည်။

အတိတ်က အတိတ်မှာပဲကျန်ခဲ့တာပါ။

မင်းခန့်မောင်ဆိုတဲ့ကောင်လေးကို ဘာရယ်မဟုတ် စိတ်ထဲစွဲလန်းနေခဲ့မိတာ အတိတ်မှာကျန်ခဲ့ပါပြီ။

အခု ငါမင်းအတွက် ခင်ပွန်းကောင်းတစ်ယောက် ပီသဖို့ကြိုးစားနေတယ်ဆိုတာ ဘယ်လိုသက်သေပြရမလဲ မိုးမခရာ။

"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့ မိုးမခ..."

ချာကနဲလှည့်ထွက်သွားသော ဇေယျာဟိန်းထက်ရဲ့ ကျောပြင်မှာ ဝမ်းနည်းနေသလိုရှိသည်။

ဘီရိုထဲမှ အင်္ကျီများကို Luggage ထဲထည့်နေသော မြတ်နိုးကိုကိုရှိရာအခန်းထဲ မင်းခန့်မောင်ရောက်လာသည်။

"စားပွဲပေါ်မှာ စာချုပ်တင်ထားတယ်.."

အသင့်လက်မှတ်ထိုးပြီးသော ကွာရှင်းစာချုပ်ကို မေးငေါ့ပြရင်း မြတ်နိုးကိုကို တည်ကြည်စွာပြောလိုက်သည်။

သွန်းခတ်နွယ်နှင့်အတူ Paris ကိုသွားရန်ပြင်နေသော Luggage ထဲမှ အင်္ကျီနှင့် Accessories များကို တန်းလန်းထားပြီး အခန်းထဲမှ ထွက်သွားသည်။

မင်းခန့်မောင် ကျေနပ်စွာလက်မှတ်ထိုးလိုက်ပြီး အသင့်ပြင်ထားသောပစ္စည်းများကိုယူကာ ယောက္ခမများကို နှုတ်ဆက်ပြီး အိမ်ထဲမှထွက်သွားသည်။

ငါ့အချိန်တွေကို အလကားဖြုန်းတီးမိခဲ့လို့ လူပျိုတောင်မဟုတ်တော့တဲ့ ငါ့ကို မင်းလက်ခံနိုင်ဦးမှာလား ဇွဲ။

Taxi ပေါ်မှ အပြင်ဘက်ရှုခင်းများကိုကြည့်ကာ မင်းခန့်မောင် စိတ်ထဲ လေးလံနေမိသည်။

Pasture(Past+Future) [Completed]Read this story for FREE!