<29>

1.1K 73 4
                                    

"ဘာလို့ မပြောခဲ့တာလဲ.."

စာကြည့်စားပွဲပေါ်မှ ခပ်မှိန်မှိန်မီးရောင်အောက်တွင် ဇေယျာဟိန်းထက်ပြောလိုက်သည်။

ငုံ့နေရာမှမော့ကြည့်လာသော မင်းခန့်မောင်၏ မျက်နှာသည် မီးရောင်မှိန်မှိန်အောက် ပို၍ဖွေးနေသည်။

"ကျွန်တော်နဲ့ဇွဲ နှစ်ယောက်တည်းပဲ ဖြစ်နေတယ်ထင်ခဲ့တာ.."

လွန်ခဲ့သော ၅မိနစ်ခန့်ကမှ ပြောခဲ့ကြသောအကြောင်းရာကို ပြန်ဆက်ကာပြောနေခြင်းဖြစ်သည်။

လမ်းပေါ်တွင်အတန်ကြာပြောခဲ့ပြီးမှ မိုးချုပ်နေ၍ ဇွဲကိုပြန်လွှတ်လိုက်ပြီး နှစ်ယောက်သားမင်းခန့်အိမ်သို့ ဦးတည်လာခဲ့ကြရာက အခုထိစာမသင်နိုင်သေးပဲ ထိုအကြောင်းကို ဆွေးနွေးနေကြသည်။

"မိုးမခလည်း အတူတူပဲ.."

"ဗျာ.."

တည်ငြိမ်သောလေသံဖြင့် အေးဆေးစွာပြောလိုက်သော ဇေယျာဟိန်းထက်စကားကြောင့် မင်းခန့်လန့်သွားသည်။

"ဟုတ်တယ်..ဟိုနေ့ကပဲ သူနဲ့စကားပေါ်သွားတာ.. အခုမင်းခန့်နဲ့လိုပေါ့.."

မင်းခန့်မောင်ဘာမှပြန်မပြောတော့ပဲ ငြိမ်သက်စွာ နားထောင်နေသည်။

မှင်တက်သွားသည်ဆ်ိုလျင် ပိုမှန်မည်။

ဒီလိုနှင့် နောက်နေ့မနက်ရောက်တော့ လေးယောက်သား တစ်နေရာတွင်စုကာ ဆုံဖြစ်ကြသည်။

မင်းခန့်တို့ကျောင်းရှေ့ရှိအရိပ်ရသော သစ်ပင်ကြီးအောက်တွင်ဖြစ်သည်။

"အဲ့ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ.."

မင်းခန့်ကဦးဆောင်ကာ မေးလိုက်သည်။

"အနာဂတ်ကို ပြန်သွားလို့ရအောင် လုပ်ရမှာပေါ့.."

ဇွဲခန့်ခအောင် နောက်လိုက်ကာ ဆက်ပြောသည်။

"ပြောတော့သာလွယ်တာ.. ဘယ်လိုပြန်သွားကြမှာလဲ.."

မိုးမခကလည်း လက်ပိုက်စဉ်းစားနေရင်း ပြောလိုက်သည်။

ညဏ်ကောင်းသူပီပီ နောက်ဆုံးအနေဖြင့် ဇေယျာဟိန်းထက် အကြံပေးရန် ပြောဖို့ပြင်နေသည်။

Past and Future Where stories live. Discover now