အပိုင်း(၁၆)

4.9K 619 65

ပြင်းပြ​နေတဲ့စိတ်​ဆန္ဒ​တွေနဲ့ အဆိပ်​ပြင်းတဲ့အချစ်​​တွေ
လွှမ်းမိုး​နေတဲ့ နှလုံးသားရဲ့အရှင်​သခင်​ကို ဒဏ်​ရာ​တွေ
ပေးချင်​​နေမိတဲ့​Byunအတွက်​ ပြန်​ခဲ့ရတဲ့အရာက
တန်​ပြန်​တက်​​ရောက်​မှုဆိုတဲ့ နာကျင်​မှု​တွေပဲအရှင်​...

°•°•°❀ ကြင်​ယာ​တော်​BYUN ❀°•°•°

" ဟင်းးးးး "

ညည်းသံတစ်​စုံတစ်​ရာနဲ့ အိပ်​ရာထပ်​တွင်​ညာဘက်​သို့ 
စောင်းအိပ်​​နေရာမှဘယ်​ဘက်​သို့မျက်လုံး​လေးမှိတ်​​လျက်
ကိုယ်​​အ​နေအထား​လေးတစ်​ချက်​​ပြောင်းလဲလိုက်​​သော
ကြင်​ယာ​တော်​...။

ကိုယ်​အ​နေအထား​ပြောင်းပြီးသည်​နှင့်​ရုတ်​တရက်​ စိတ်​ထဲ
ခံစားလိုက်​ရသည့်​ ခံစားချက်​သည်​ကား တစ်​ပါးသူတစ်​​ယောက်
ယောက်​၏ရင်​ခွင်​ထဲသို့ သူ့ကိုယ်​​လေးတိုးဝင်​သွားသဟန်​ပင်​ ။

မျက်​လုံးမှိတ်​လျက်​ ခံစား​နေရသည့်ခံစား​မှုအား ​ဝေခွဲမရဖြစ်​​နေချိန်
ရုတ်​တရက်​ သူ့ခါး​ပေါ်သို့​ကျ​ရောက်​လာ​သော တစ်​စုံ​တစ်​​ယောက်​၏
လက်​တစ်​ဖက်​​ကြောင့်​ သူရဲ့စုံမှိတ်​ထားသောမျက်​ဝန်းတစ်​စုံသည်
ဖြတ်​ခနဲပွင့်​သွားခဲ့​သောအခါ...

တွေ့လိုက်​ရ​သော အရှင်​ရဲ့အိပ်​စက်​​နေ​သောမျက်​နှာ​တော်​​လေး​ကြောင့်
သူ့စိတ်​ထဲ ​အမည်​မသိ​သောခံစားမှု​ထောင်ေ​သာင်း​များစွာတို့​ပေါ်​ပေါက်
လာကာ သူ့ရဲ့နံနက်​ခင်း​လေးသည်​လည်း ​အရှင်​ရဲ့မျက်​နှာ​တော်​ကို
မြင်​လိုက်​ရခြင်းအတွက်​ ခံစားမှုများစွာတို့နှင့်​အဓိပ္ပါယ်​အသီးသီး
သက်​​ရောက်​ကာ လှပ​နေ​လေသည်​ ။

မြင်​လွှာ​လေးကိုချကာအိပ်​စက်​​နေ​သောအရှင်​...
ထိရက်​စရာတစ်​စက်​မှမရှိ​အောင်​ လှပတင့်​တင်​​နေလွန်း​သည့်
ကောင်းကင်​ထပ်​တွင်​တွန်းလင်း​တောက်​ပ​နေတဲ့ကြယ်​စင်
တစ်​ပွင့်​အလျား...

အလင်း​ရောင်​​တောက်​ပမှုများလျက်​ လူတိုင်းထိခွင့်​ ၊ ပိုင်​ဆိုင်​ခွင်
့​မရှိပဲ ​ငေးရုံ ၊ ငေးကြည့်​ရုံမျှသာရှိသည့်​ အဖိုးထိုက်​တန်​လွန်း​သော
ရတနာတစ်​ပါး ။

|| ကြင်​ယာ​တော်ြေ​ဗာင်​ ||Where stories live. Discover now