5: 2 Years Later ( Z + U )

958 160 6
                                    



ကျူရှင်တွေ ကျောင်းတွေနဲ့ပဲ လည်နေရလို့ နောက်ကျသွားပါတယ်..(o_o)

နောက်တစ်ခါ Update အတတ်နိုင်ဆုံး မြန်ပေးပါ့မယ်နော်....

Calla က အခုအစပိုင်းမှာတော့ စကားပြောခန်းနည်းလို့ နည်းနည်းပျင်းစရာကောင်းပါတယ်။ တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်တက်တဲ့ အမျိုးအစားဖြစ်လို့ နောက်အပိုင်းတွေမှာတော့ စိတ်ဝင်စားစရာကောင်းလာမှာပါ။ အဲ့တာကြောင့် Calla လေး အဆုံးထိရောက်အောင် အတူတူ လျှောက်လှမ်းကြရအောင်ပါ..နော်~

အကယ်၍ မှားယွင်းပေါ့ဆဘာသာပြန်မှုများ ရှိခဲ့ပါကလည်း ခွင့်လွှတ်ပေးပါလို့..(^◇^)

➖➖➖➖➖➖➖➖➖➖

ကျွန်မအသက်၁၆ နှစ်မှာ ကျွန်မဘဝကြီးက အသစ်တစ်ဖန်ပြောင်းလဲသွားခဲ့တယ်။ အရင်ဘဝမှာ အထက်တန်းတက်ဖူးခဲ့လို့ ဒီဘဝမှာတော့ အထက်တန်းပြီးမြောက်ဖို့ ၂နှစ်သာ ကြာခဲ့တယ်။ ရယ်စရာကောင်းတာကတော့ ကျောင်းအုပ်ကြီးက ကျွန်မကို ပါရမီရှင်လေးလို့ ထင်တာပါပဲ။ သူတို့သင်တာတွေကို ကျွန်မသင်ဖူးပြီးသားဆိုတဲ့ အမှန်တရားကို သိမှမသိကြပါပဲ။ တစ်ခါတက်ပြီးသား အထက်တန်းကိုမှ အဆင့်မြင့်မြင့်နဲ့ မြန်မြန်မအောင်နိုင်ဘူးဆိုရင်ကတော့ ရှက်စရာပါပဲ။

ထင်တဲ့အတိုင်းပါပဲ..ကျွန်မအသက်၁၆ နှစ်နဲ့ အထက်တန်းပြီးတာကို ကျွန်မ မိဘတွေ သတိတောင်မထားမိကြပါဘူး။ Rose နဲ့ Rose ရဲ့ ကိစ္စတွေနဲ့ပဲ လုံးချာလည်လိုက်နေရတော့ ကျွန်မဘာဖြစ်နေလဲဆိုတာတောင် ဂရုမစိုက်နိုင်ကြဘူးလေ။ ဘယ်လောက်များဂရုမစိုက်နိုင်သလဲဆို ကျွန်မ မိသားစုစံအိမ်က ထွက်သွားပြီး မြို့ထဲမှာ ကိုယ်ပိုင် ကွန်ဒိုတိုက်ခန်းဝယ်လိုက်တာတောင် သိကိုမသိကြတာပါပဲ။ကြီးမားတဲ့ စံအိမ်ထဲမှာ အမြဲနေခဲ့ရပေမယ့် အိမ်ဆိုတဲ့ နွေးထွေးမှုကို တစ်ခါမှ မခံစားခဲ့ရပဲ ကိုယ်ပိုင်တိုက်ခန်းဝယ်လိုက်တော့မှ အိမ်လို့ ခံစားမိပါတော့တယ်။ ဘယ်လို ခံစားချက်မျိုးလဲဆို.. နှလုံးသားကို အထပ်ထပ် တုပ်နှောင်ထားတဲ့ သံကြိုးတွေပြတ်သွားလို့ လွတ်လွတ်လပ်လပ် အသက်ရှူနိုင်သွားသလိုပေါ့..။

Calla Where stories live. Discover now