" ကျွီး... "

ရှင်ဘုရင် အိပ်​​ဆောင်​သည်​ခမ်းနားလှ၏...။
အနီ​ရောငိပုဝါပါးစကို ဦး​ခေါင်းထက်​တင်​ကာ အိပ်​ယာခင်းဖြူဖြူ ခုတင်​​ပေါ်တွင်​ထိုင်​​နေ​သော လုံမငယ်​ကို မနှစ်​သက်​။

" မင်း ..သွား​တော့... "

ချက်​ချင်း သူ့ကို နန်း​ဆောင်​မှနှင်​ထုတ်​လိုက်​သည်​..။

" အရှင်​ ကျွန်​​တော်​မျိုးမက "

သူက မိမိအနားကပ်​လာကာ နွဲ့​နေ​သေးသဖြင့်
ဒေါသထွက်​လာကာ ​အော်​ဟစ်​မိသည်​။

" မင်းကိုသွား​တော့လို့​ပြော​နေတယ်​မဟုတ်​လား "

သည်​​တော့မှ သူက နန်း​ဆောင်​တွင်းမှထွက်​သွား​လေသည်​။
တစ်​​ယောက်​ထဲ နန်း​ဆောင်​ထဲတွင်​အထီးကျန်​လှသည်​။

" ​ဝေ့ရင်း..... ''

လွမ်းဆွတ်​တမ်းတစွာ ​ခေါ်မိ​သော နာမည်​တစ်​ခု..
လွမ်းလိုက်​တာ ​ရှောင်း​ဝေ...။ မယ်​​တော်​ဘုရားက သ​ဘောမကျလို့ နန်း​တော်​ထဲက ​မောင်းထုတ်​​နေမလား..။

ချန်းလုံကို ​သေချာ​စောင့်​​ရှောက်​ခိုင်းထားခဲ့ပါတယ်​​လေ...။ မင်းက ငါ့ရဲ့ကြင်​ယာ​တော်​ပဲ .. ​ဝေ့ရင်း....
မင်းကိုပဲ ငါပိုင်​ဆိုင်​ချင်​တာပါ...။ ထိုစဉ်​..

" ဒုံး ဒုံး ဒုံး... "

တံခါးကို ကျယ်​​လောင်​စွာ.ထုနှက်​​နေသဖြင့်​ တံခါးကိုမြန်​မြန်​ဖွင့်​​ပေးလိုက်​သည်​။ တျလီနိုင်​ငံ ၀တ်​စုံပြည့်​ရဲမက်​နှစ်​ဦး မျက်​နှာများကိုဖုံးအုပ်​ထားကြသည်​....။

မိမိဘာမှမ​ပြောရ​သေးခင်​ တံခါးကို ပြန်​ပိတ်​လိုက်​သည်​။

" မင်းအခန်းထတို့ ဘယ်​သူလဲ "

သူတို့နှစ်​ဦးစလုံး မိမိကိုဦးညွှတ်​ကာ အရိုအ​သေပြုပြီး
မျက်​နှာဖုံးများကို ဆွဲချွတ်​ကြသည်​။

" ​ဝေ့ရင်း...."

ကြောင်​ချီးအိုး​လေးလိုပေပွမဲညစ်​​နေ​သော မျက်​နှာတစ်​ခု.....
ဒီကိုဘယ်​​လို​ရောက်​လာသည်​မသိ...။ လန်ကျန့် ​နေနိုင်စွာဖြင့် ​​​​ချက်​ချင်းပင်​ .. ခပ်​လှမ်းလှမ်းတွင်​ရပ်​​နေသည့်​ ​ဝေ့ရင်း၏​​ ခန္ဓာကိုယ်​ကို ဆွဲယူကာ ​ထွေး​ပွေ့လိုက်​သည်​။ ခဏကြာမှ သူ့ကို ​ရင်​ခွင်​ထဲမှ ထုတ်​၍ ပုခုံးစွန်းနှစ်​ဖက်​ကို အသာကိုင်​၍

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Nơi câu chuyện tồn tại. Hãy khám phá bây giờ