Life Prison-1

4.6K 87 3
                                                  


သံချေးတက်နေတဲ့ သံတံခါးချပ်ကြီးလစ်ဟာသွားသည်နောက် ခပ်လှမ်းလှမ်းက တောင်တန်းများကို
ငေးကာကြည့်မိသည်။

လွန်ခဲ့သော လပေါင်းများစွာက သံတိုင်များက
ငေးကြည့်ခဲ့ဖူးသော တောင်တွေက အခု
ဒီကနေကြည့်တော့လည်း အထွေအထူးပြောင်းလဲ
ခြင်းရှိမနေ။

"အခုအချိန်ကစပြီး လိမ်လိမ်မာမာနေတော့နော်" ဆိုသည့် အပြုံးနဲ့ဆိုသော အဖြူရောင် ကုတ်ဝတ် ဆရာဝန်ကြီးရဲ့ စကားကို ကြားတော့

သူအပြုံးတစ်ခုဖြင့်တုန့်ပြန်မိသည်။

လတ်လတ်ဆတ်ဆတ် ရှိနေသေးသည့် မျက်နှာထက်က ဒဏ်ရာက ဆစ်ခနဲနာကြင်သွားသည်မှအပ ဆိုးဆိုးဝါးဝါး ဒဏ်ရာများ ကိုယ်ပေါ်မကျန်ရှိတော့သည်ကို သူ ၀မ်းသာမိရသည်။

ဂိတ်အ၀င်ဝမှာ ထိုးရပ်ထားတဲ့ ကားတစ်စီး

ရင်းနှီးနေသော မျက်နှာတစ်ခုက ဦးညွှတ်နှုတ်ဆက်သည့်အခါ ထွေးပွေ့ခြင်းကိုမရနိုင်တော့သည့် လက်တစ်စုံကို သူတမ်းတမိသည်။

နှစ်နှစ်တာ ရင်းနှီးခဲ့သော နာမည်တစ်ခုကို သူဦးမော့ကြည့်ကာနှုတ်ဆက်လိုက်သည်။

Matsumoto (မဆုမိုတို) လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်း

တစ်နည်းပြောရရင် လူငယ်အကျဉ်းထောင်

ထိတ်လန့်တုန့်လှုပ်ခြင်းမရှိဘဲ ဤနေရာကို ရင်ကော့ကာ ၀င်ခဲ့ဖူးသည့် သူငယ်ချင်းတစ်စု

သူငယ်ချင်း....

မဟုတ်တာဘဲ သူငယ်ချင်းတွေမှ မဟုတ်ခဲ့ဘဲ

ဒီအတိုင်း မိုက်မဲခဲ့ကြသည့် လူငယ်တစ်စုပေါ့

"ထောင်ထွက်ဆိုရင် ငါတို့ကျောင်းပြန်တက်ချိန်ကျ အကုန်လုံးက ကြောက်ပြီးတုန်နေကြမှာကွ"

ဆိုသော ထိုစကားတို့သည် ရယ်သံများကြားပျောက်ကွယ်ကုန်သည်။

"ထောင်ထဲမှာလည်း ငါတို့က ငါးယောက် အုပ်စုတောင့်တော့ အားလုံးကြောက်နေကြမှာ...."

ဆိုသောစကားတို့သည်လည်း ငိုကြွေးသံများကြား အစအနရှာမရတော့

Life PrisonWhere stories live. Discover now