လေလွှင့်ဝိဉာဉ်လေး ... မင်း

Bắt đầu từ đầu
                                    

ပြောကြပါရဲ့ ..... မင်းရဲ့ခန္ဓာဟာ တစ်စစီကြွေလို့ ပျက်စီးသွားပြီတဲ့လေ ။ မင်းရဲ့ ဝိဉာဏ်လေးဟာလဲ ရှာဖွေလို့မရနိုင်အောင် လွင့်နေလေရဲ့တဲ့ ။

 မင်းရဲ့ခန္ဓာဟာ တစ်စစီကြွေလို့ ပျက်စီးသွားပြီတဲ့လေ ။ မင်းရဲ့ ဝိဉာဏ်လေးဟာလဲ ရှာဖွေလို့မရနိုင်အောင် လွင့်နေလေရဲ့တဲ့ ။

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

မင်းသိလား ဝေ့ရင်း ....... အရာရာကိုကျောခိုင်းလို့ မင်းနေထိုင်ခဲ့တဲ့နေရာလေး နှင့် နောက်ဆုံး မင်းထားသွားတဲ့ "သင်္ချိုင်းတောင်ကုန်း"ကို ကိုယ်သွားခဲ့သေးပါရဲ့။ အထီးကျန်မှုတွေ ၊ မှောင်မိုက်ခြင်းတွေ ၊ ခြောက်သွေ့ခြင်းတွေပြည့်နေတဲ့ ဒီနေရာမှာပဲ မင်းတစ်ယောက်လောကကြီးကို ကျောခိုင်းထွက်သွားခဲ့တာမဟုတ်လား။

အမုန်းတရားတွေ၊ နာကျင်ခြင်းတွေကို မင်းခံစားသင့်တယ်ဆိုတဲ့ ခံယူချက်တွေနဲ့ထွက်သွားခဲ့တယ်။
မင်းကို နားလည်ပေးပြီး မင်းအတွက်ရပ်တည်ပေးမယ့်သူ တစ်ယောက်မှမရှိပါဘူးဆိုတဲ့ ခံယူချက်နဲ့ထွက်သွားခဲ့တယ်။
မင်းချစ်တဲ့သူတွေ မင်းကို မချစ်ကြတော့ပါဘူးဆိုတဲ့ ခံယူချက်နဲ့ မင်း ထွက်သွားခဲ့တယ်။
နောက် ကိုယ်မင်းကို မုန်းပါတယ်ဆိုတဲ့ အမှတ်နဲ့ မင်း ထွက်သွားခဲ့တယ်။

မင်းရဲ့ရည်ရွယ်ချက်တွေပြီးမြောက်သွားတဲ့အခါ သို့လောသို့လောအပြစ်တွေအားလုံးကို ခံယူရင်း မင်းကတော့ ကျောခိုင်းသွားခဲ့ပေမယ့်

ဝေ့ရင်းရေ .... အခုအချိန်အထိ တစ်လောကလုံးက မင်းကို ဆန့်ကျင်မုန်းတီးနေကြလေသေးရဲ့၊ အမှန်တရားတွေကို သေချာစွာနားမလည်လိုက်ခဲ့ရတဲ့ မင်းရဲ့သွေးသောက်ညီအကိုအပါအဝင်ပေါ့ ။

အရာအားလုံးနောက်ကျသွားတယ့်အခါ မပြောဖြစ်ခဲ့တဲ့စကားတွေ နောင်တတွေနဲ့ ကိုယ်တစ်ယောက်တော့ မင်းကို လွမ်းရင်း ကျန်နေခဲ့ပါရဲ့ ။

ဝေ့ရင်း ........ ကိုယ့်ကို ခွင့်လွှတ်ပေးပါ။

မင်းအနားမှာ မားမားမတ်မတ်ရပ်တည်ပေးနိုင်ခွင့်မရှိခဲ့တဲ့ ကိုယ့်ကို ခွင့်လွှတ်ပေးပါ
မင်းအရမ်းလိုအပ်နေမယ့်အခြေအနေတစ်ခုမှာ အကူအညီမပေးနိုင်တဲ့ကိုယ့်ကို ခွင့်လွှတ်ပေးပါ
မင်းကိုမုန်းတယ် လို့ ယုံကြည်နေစေခဲ့တဲ့ ကိုယ့်ကို ခွင့်လွှတ်ပေးပါ
မင်းအပေါ်ထားတဲ့ကိုယ့်ခံစားချက်တွေကို မြင်သာအောင်မပြနိုင်ပဲ စိုးထိတ်လွန်းနေတဲ့ကိုယ့်ကို ခွင့်လွှတ်ပေးပါ
အရာအားလုံးနောက်ကျသွားပြီလို့သိနေတာတောင် မင်းရဲ့ဝိဉာဉ်လေးကိုတမ်းတရှာဖွေနေမိတဲ့ ကိုယ့်ကို ခွင့်လွှတ်ပေးပါ
မင်းအရမ်းကြိုက်တဲ့ "ဧကရာဇ်အပြုံး"တွေကို စုဆောင်းရင်း မင်းကိုရှာဖွေနေမိတဲ့ ကိုယ့်ကိုခွင့်လွှတ်ပေးပါ။
ဘယ်ဘက်ရင်အုံထက်မှာမင်းနဲ့တူစေဖို့ကိုယ်ခတ်နှိပ်ထားတဲ့နေတံဆိပ်အမှတ်အသားရဲ့နာကျင်မှုက မင်းကိုယ့်နားရှိသလိုတွေးနေမိတဲ့ ကိုယ့်ကိုခွင့်လွှတ်ပေးပါ။
မင်းမွေးစားစောင့်ရှောက်ထားခဲ့တဲ့"ဝမ်ယွမ်"လေးကို ကိုယ် ဆက်လက်စောင့်ရှောက်ပေးပြီး မင်းကိုတမ်းတနေမိလို့လဲ ခွင့်လွှတ်ပေးပါ။

မင်းများကြားနိုင်ခဲ့မယ်ဆိုရင် ထပ်ပြီးတော့ တောင်းဆိုချင်ပါရဲ့ "ဝေ့ရင်း ... ကိုယ့်ကိုခွင့်လွှတ်ပေးပါ"။

ဝေ့ရင်း ..... မင်းရဲ့ရွှင်လန်းတက်ကြွနေတဲ့ အသံဆာဆာလေးကိုလွမ်းတယ် ၊ "လန်ကျန့်"ဆိုပြီး ခေါ်တက်တဲ့ ဖြူစင်လွန်းတဲ့ မင်းရဲ့အပြုံးလေးကိုလွမ်းတယ် ၊ စာကြည့်ဆောင်မှာ လှုပ်ရှားနေတဲ့ မင်းရဲ့ပုံရိပ်လေးတွေကို လွမ်းတယ်။

ဝေ့ရင်း .... ကိုယ် မင်းကို အရမ်းလွမ်းတယ် ။

ပြဿနာတစ်ခုခုဖြစ်ရင် "ဟန်ကွမ်ကျွင်း"ရောက်လာတက်တယ်ဆိုတဲ့စကားရဲ့နောက်ကွယ်က မင်းကိုရှာဖွေချင်တဲ့ ကိုယ့်ရဲ့အတွင်းစိတ်ကိုတော့ဖြင့် အကိုတော်(ဇယ်ဝူကျွင်း) သာလျှင် ဖတ်သိနိုင်ပါရဲ့။

မင်းပြန်လာမှာပါကို စောင့်မျှော်ရင်း ပရိပုစ္ဆာ"ကို ညစဉ်တီးခတ်လို့ သံစဉ်မှာမိလာမယ့်ဝိဉာဉ်လေးက မင်းဖြစ်ပါစေ ဆုတောင်းနေမိတာ ရက်တွေ လတွေ နှစ်တွေမက ဆယ်စုနှစ်တစ်ခုထိ ကျော်လွန်သွားခဲ့ပြီ။

ကြွေလွင့်သွားတဲ့ ဝိဉာဉ်လေး မင်းကတော့ လွင့်မြဲလွင့်ဆဲပါပဲလား ......

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

လန်အာကောကော၏ရင်ထဲကခံစားချက်များကို စာစီခြင်း ♡

Author __13th ရဲ့ Until we meet again ကို ဘာသာပြန်ရင်း ကိုယ့်စိတ်ကူးနှင့်နည်းနည်းဖြည့်စွက်ရေးသားသောကြောင့် တစ်စုံတစ်ရာအမှားပါခဲ့ရင် သီရိ အမှားသာဖြစ်သည်မို့ ခွင့်လွှတ်ပေးကြပါ ။

☆ ခွင့်ပြုချက်ပေးသော Author ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ 🙏

☆ Thanks Author __13th 🙏

MoDaoZuShi မှ တွေးမိတွေးရာလေးများ Nơi câu chuyện tồn tại. Hãy khám phá bây giờ