"​ဒေါက်​...​ဒေါက်​...​ဒေါက်​...."

"ဝင်​ခဲ့ပါ......"

အထဲက ပြန်​​ပြောသံကိုကြား​တော့ သက်​ပြင်းချကာ ဝင်​လာခဲ့လိုက်​သည်​......

"ခုမှ ​ရောက်​လာတယ်​​ပေါ့....."

တွေ့လား....​ရောက်​​ရောက်​​ချင်း ​ဆောက်​နဲ့ထွင်း​တော့မယ်​....😒

"အခုမှ​ရောက်​တာ​တော့ မဟုတ်​ပါဘူး....မသိလို့ ဟိုဟိုဒီဒီ ​မေး​​နေရင်း နည်းနည်း​နောက်​ကျသွားတာပဲ...."

ပြန်​ပြီး အထွန့်​တက်​မိသည်​။

"ကျစ်.......​ဝန်​ထမ်းဆိုတာ ကိုယ့်​အလုပ်​ရှင်​မ​ရောက်​ခင်​ ကြို​ရောက်​​နေသင့်​တာ မဟုတ်​ဘူးလား....."

"ဟုတ်​ပါတယ်​....."

ငါ​နော်​.....သည်းခံ​နေတာ.......

"အဲဒါဆို အချိန်​ကို ​လေးစားမှ​ပေါ့ကွ...."

"​နောက်​ကို သတိထားပါ့မယ်​....."

"​အေး....မထားလို့လည်း မရဘူး.....ဒီ​နေ့က မင်းအလုပ်​စဝင်​တဲ့​​နေ့မို့ ခွင့်​လွှတ်​​ပေးလိုက်​မယ်​.....​နောက်​တစ်​ခါကျရင်​​တော့ ငါ့အဆိုးမဆိုနဲ့...."

"ဟုတ်​ကဲ့......."

"ဟိုမှာ မင်းအတွက်​ စားပွဲ.....အဲ့မှာထိုင်​.....မင်းကို အရင်​ဆုံးကျွမ်းကျင်​​အောင်​ အလုပ်​​ပေးရမယ်​....."

"ဟုတ်​ကဲ့......"

"ပြီးခဲ့တဲ့ ဆယ်​နှစ်​စာ Company ​ရောင်းအား​တွေကို စာရင်းလုပ်​ပြီး ငါ့ကိုလာပြလှည့်​......"

"ဗျာ...ဆယ်​နှစ်​စာ​တောင်​....."

"အင်း​လေ....ဘာလို့လဲ...."

"ဘာမဟုတ်​ပါဘူး.....​မေးကြည့်​တာပါ....."

"ဘာလဲ....များလို့လား....ဒါ​တောင်​ များတယ်​​ပြောမှာဆိုးလို့ တစ်​ဝက်​ပဲလုပ်​ခိုင်းလိုက်​တာ....."

💙You Must Know That💙Onde histórias criam vida. Descubra agora