"ဟုတ်​ကဲ့ပါ ​ဒေါက်​တာ"

သူလဲ​ပြောပြီးတာနဲ့ ထွက်​လာခဲ့လိုက်​တယ်

လင်း​လေးဘာလို့ ဒီလိုဖြစ်​သွားတာလဲ သူအခုထိ
နားမလည်​​သေး

Party ကပြန်​ခါနီးကျမှ သူလင်း​လေးကို သွားရှာ
တော့ မ​တွေ့​တော့

အစထဲက အိမ်​ပြန်​ရင်​လိုက်​ပို့​ပေးမယ်​လို့ ​ပြောထား
ပေမဲ့ သူ့ကိုမ​စောင့်​ဘဲ အရင်​များပြန်​သွားတာလား

Party ပွဲကလည်း မိုးရွာလာလို့ အိမ်​ထဲ​ရွှေ့လိုက်​ရ
တယ်

သူ လင်း​လေးကို ph ဆက်​ဖို့ Content မှာရှာတုန်းရှိ​သေး အန်​တီ ရွက်​၀ါဆီမှ ph ၀င်​လာတာနဲ့ ကိုင်
လိုက်​သည်

"ဟယ်​လို အန်​တီ"

"အင်း သမီးဖြူ စင်​ သမီး​မောင်​​လေး ​ဆေးရုံ​ရောက်​​နေတယ်​"

အန်​တီ့အသံက အနည်းငယ်​တုန်​ရီ​နေတာကို သူသတိထားမိသည်

"အခုထိ​တောင်​သတိမရ​သေးဘူး သမီးရဲ့"

ပြော​နေရင်း အန်​တီ့အသံက တိမ်​၀င်​သွားသည်

"အရမ်းလဲစိတ်​မပူပါနဲ့ အန်​တီရယ်
သမီးတို့လင်း​လေး ဘာမှဖြစ်​မှာမဟုတ်​ပါဘူး
ဘယ်​​ဆေးရုံလဲအန်​တီ သမီးကို​ပြော သမီးအခု
ချက်​ချင်းလာခဲ့မယ်​"

*********

ဒေါက်​တာဆီကပြန်​လာ​တော့ အန်​တီကို အခန်း
ှုပြင်​မှာထွက်​ထိုင်​​နေတာ ​တွေ့လိုက်​ရသည်

"အန်​တီ လင်း​လေး​ သတိရလာပြီလားဟင်​"

"အင်း သမီး လာထိုင်​ဦး"

သူလဲ အန်​တီ့​ဘေးက ခုံလွတ်​​လေးမှာ ၀င်​ထိုင်​လိုက်​သည်

"သမီးဖြူ စင်
သမီးနဲ့ သား​လေး party ပွဲမှာဆုံတယ်​ဆိုတာ
သား​လေး ph ဆက်​ထဲက အန်​တီသိပြီး ပါပြီကွယ်​"

"ဟုတ်​ကဲ့ အန်​တီ"

"သူ party ပွဲမှာ ဘာ​တွေဖြစ်​လာလို့လဲဟင်
သမီးသိထားတာ အန်​တီကို​ပြောပြလို့ရပါတယ်
သမီးကလဲ အန်​တီတို့ မိသားစုဝင်​တစ်​​ယောက်​လို
ပါပဲ"

Butterfly(Completed)حيث تعيش القصص. اكتشف الآن