ငွေ​ရောင်​အ​ငွေ့အသက်​တို့သည်
Baekhyun ၏ ခန္ဓာကိုယ်​တစ်​ခုလုံးအား လွှမ်းခြုံလိက်​သား......

ရုတ်​တရက်​ ​ပြေးဝင်​လာ​သော
တင်းပုတ်ကြီးအား
လျှင်​မြန်​​သော အရှိန်​ဖြင့်​ ​ရှောင်​လိုက်​ပြီး​နောက်
တစ်​ပြိုင်​နက်​တည်းပင်
တောင်​ပံနက်​ကြီး၏ အကူအညီဖြင့်
အမြင့်​သို့ပျံတက်​လိုက်​သည်​......

လေအလျင်​ကဲ့သို့
လျှင်​မြန်​လွန်း​သော​ကြောင့်​ ​ဒေဝယက္ခသည်
Baekhyun ဘယ်​မှာလဲဆိုသည်​ကို
လိုက်​ရှာ​နေစဉ်​ပင်
အမြင့်​ဆီမှ ဝုန်းခနဲခုန်​ဆင်းလာ​သော Baekhyun.....

ဒေဝယက္ခ၏ ​နောက်​​ကျောဘက်​က​နေ
ထိုး​ဖောက်​ဖြတ်​​ပြေးသွား​သော
ငွေမှင်​​ရောင်​ ​ရောင်​ခြည်​တန်းအချို့​ကြောင့်
ဟန်​ချက်​ပျက်​သွား​သော ဘီလူးကြီးသည်
လဲမကျသွား​စေရန်​ တင်းပုတ်​ကြီးအား
မြေ​ပေါ်​ထောက်​ကာ အားယူလိုက်​ပြိး​နောက်
ခပ်​ဟဟ ရယ်​သည်​.....

''ဟားဟား... Byun Baekhyun..
လျှော့တွက်​လို့မရပါလား.... ''

ဘာမှပြန်​မ​ပြောဘဲ
နှုတ်​ခမ်းတွန့်​ရုံသာပြုံး​သော Baekhyun....

သို့​သော်​လည်း ကြာကြာမပြုံးနိုင်​ဘဲ
ဖြစ်​ပျက်​သွား​သော အဖြစ်​အပျက်​ကို
မင်​သက်​စွာ ကြည့်​​နေမိသည်​...

ရှေ့တူရူဆီမှ ဘီလူးကြီးသည်​...
တစ်​ကိုယ်​မှ.. နှစ်​ကိုယ်​....
နှစ်​ကိုယ်​မှ သုံးကိုယ်​...
သုံးကိုယ်​မှ ​လေးကိုယ်​... ငါးကိုယ်​ထိ
ခွဲထွက်​သွားသည်​.....

ထို့​နောက်​ ထိုကိုယ်​ပွားများသည်​...
တင်းပုတ်​ကြိးကိုယ်​စီဖြင့်
Baekhyun ဆီ​ပြေးဝင်​လာကြသည်​....

ပြန်​လည်​ခုခံရန်​ မစွမ်းသာ​သေးဘဲ
ထိုဘီလူးကြီးများ၏ တင်းပုတ်​ရန်​မှလွတ်​​အောင်
အသည်းအသန်​​ရှောင်​​နေရ​သော Baekhyun...

ထို့​နောက်​...
ငွေ​ရောင်​ ​ရောင်​ခြည်​တန်းအချို့ကို
ဘီလူးတစ်​​ကောင်​၏ ငယ်​ထိပ်​ဆီသို့ ပစ်​ခွင်းလိုက်​သည်​....

ဝုန်းခနဲ လဲကျ​သွား​သော်​လည်း
ချက်​ချင်းဆိုသလိုပင်
ဝူးဝါး သံကြီးဖြင့်​ ပြန်​ထလာ​သော ထိုဘီလူး...

ကျွန်​​တော်​Parkသိကြား နှင့်​ ချစ်​လှစွာ​သောBabyယမWhere stories live. Discover now