အပိုင်း(၁၄)

4.7K 635 69

လူသူကင်းမဲ့​နေ​သော​​​တောလမ်းထက်​၌ ဓားဒဏ်​ရာ​ပေါင်းများစွာဖြင့်​ အားတင်းကာ​ပြေး​နေ​သော​လုလင်​ပျိုတစ်​​ယောက်​...

ညာဘက်​လက်​​ကောက်​ဝတ်​တွင်​ ပြင်းထန်းလွန်းသည့်​​​​​​​ဓားဒဏ်​ရာ
ပြင်းပြင်းရထားတဲ့အတွက်​ ထိုလက်ညာဘက်လက်နှင့်​​​​ဓားကိုင်​နိုင်​ဖို့
မဖြစ်​နိုင်​သလို ဝါးတူတစ်​​ချောင်း​တောင်ဆုပ်​မကိုင်​နိုင်​သည့်​ဟန်​ ။

အားကုန်​ခမ်းပြီးပြိုလဲကျချင်​​နေသည့်​ခန္ဓာကိုယ်နှင့်​ ​​တောလမ်းထပ်​ဝယ်
ပြေးလွှား​နေ​သောထိုလုလင်​ပျို​လေးသည်​ သူ့အ​နောက်​မှမြင်းစီးပြီး
လိုက်​လာသည့်​ ​တောပုန်းတို့ကို ပြန်​ခုခံဖို့အ​ရေးသည်​ လက်​ရှိ
ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည့်​​​​​​သူရဲ့ ဓားကိုင်လို့မရသည့်
လက်​နှင့်​ပြန်​ခုခံနိုင်​ဖို့အတွက်ရာမဖြစ်​နိုင်​ ။

ူလုံခြုံမည့်​​နေရာတစ်​ခုဆီသို့သာစိတ်​​၌​မျှော်​မှန်းပြီး​ပြေးလွှား​နေသော
ထိုလုလင်​ပျို​လေး ။ သူ့​နောက်​​ကျောသို့ အရှိန်​နှင့်​စိုက်​ဝင်သွားသည့်
အ​နောက်​မှ မြင်းဒုန်းစီးပြီးအမှီလိုက်​လာ​သော ​တောပုန်း​ခေါင်း​ဆောင်
ပစ်​လိုက်​​သောအဆိပ်​လူးမြှား​ကြောင့်​ ​ပြေးလွှား​နေရာမှ မြေပြင်​ပေါ်သို့
ဘုန်းကနဲပင်​လဲကျသွားခဲ့ရ​ပေသည်​ ။

" အ.....အဟွတ်​....ဟင့်....​အ...အရှင်​ "

ပြင်းထန်​လှသည့်​မြှားအဆိပ်​​ကြောင့်​ ပါးစပ်​မှ​သွေးမည်းတို့အန်​​ထွက်
လာ​သောထိုလုလင်​ပျို​လေး ။ သူ့၏မျက်​​တောင်​တို့တ​ဖြေး​ဖြေးနှင့်
မှိတ်​မသွားခင်​ အ​မှောင်​​လောကကြီးထဲသို့မကျ​ရောက်​သွားစဉ်
သူ့နားမှဆက်​ဆက်​ကြားလိုက်​ရ​သောစကားတစ်​ခွန်းသည်
သူ့ရင်​ကိုခွဲပြီးသူ့အသည်း​ကိုနုတ်​ယူသွားသည့်​အထိနာကျင်​ရ​ပေသည်​ ။

" ​တောင်းပန်​ပါတယ်​ ကြင်​ယာ​တော်....
အရှင်​မင်းကြီးရဲ့အမိန့်​​တော်​အတိုင်းလုပ်​ရတဲ့အတွက်
ကျွန်​​တော်​မျိုးတို့ကိုခွင့်​လွှတ်​​တော်​မူပါ "

|| ကြင်​ယာ​တော်ြေ​ဗာင်​ ||Read this story for FREE!