ချစ်သောသူက *ချစ်တယ် *လို့
ခပ်တိုးတိုးဖွင့်ဟလာတဲ့ အခါ
နားသယ်ဖျားတွေ နီရဲလာတဲ့အထိ
ရှက်သွားခြင်းက *ထပ်တူ ချစ်ပါတယ်*လို့
အဓိပ္ပါယ်ရတယ်...။+++++++++++++++++++++++++
"အား...."
အတင်းထိုးကိုက်လာတဲ့ ခေါင်းကြောင့်
နှုတ်ကနေတောင် ထုတ်ညီးမိလိုက်သည်အထိပဲ..
ခေါင်းကို အသာလက်နဲ့ ဖိကိုင်ရင်း
လှဲရာက ထရသည်..."ရော့ သောက်လိုက် "
ကုတင်ဘေးစားပွဲပေါ် ဖန်ပန်းကန်လုံးကို
အသံမြည်အောင်ချရင်း ပြောလာတဲ့သူ..."Oh Sehun? ဘယ်လိုရောက်နေတာလဲ "
Jonginပြောရင်း Sehunလာချပေးတဲ့
ပန်းကန်လုံးကို လှမ်းယူကြည့်တော့ ပျားရည်တွေ..."မနက်စာလာစားတာ "
Sehunက ပြောရင်း ကုတင်ပေါ်တက်ကာ လှဲတယ်...နဂိုကတည်းက ခေါင်းက မကြည်ရတဲ့အထဲ
Sehunဘာပြောမှန်း နားမလည်တော့....
ဒီမှာ ဘာလို့ မနက်စာလာစားတာတဲ့လဲ..."ရပြီတဲ့ စားလို့!!"
စူးနေအောင်ထွက်လာတဲ့အသံက.........
Chanyeol Hyung!အသံကြားတာနဲ့
Sehunက လှဲနေရာက ဆတ်ကနဲထကာ
အခန်းပြင်ထွက်သွားပြီ....လက်ကျန်ပျားရည်ကို အကုန်မော့ချပြီး
Jonginပါ အခန်းထဲက လိုက်ထွက်တော့
သင်းနေတဲ့ ဟင်းနံ့က စီးကြိုသည်....စားဖိုမှူးပေါက်စKyungsooက
အရွက်ရောအသားရောစုံနေအောင် ရောထားတဲ့ ထမင်းကြော်ကို ဒယ်အိုးထဲက နေ
ပန်းကန်ထဲ လဲလှယ်ထည့်နေတယ်....Chanyeolအတွက်...
Sehunအတွက်...
ကိုယ့်အတွက်....
နောက်ဆုံး Jonginအတွက်..လေးပန်းကန် ခွဲထည့်ရင်း အသီးသီး နေရာချလိုက်တယ်....
နောက် ဒယ်အိုးထဲ ဆီအနည်းငယ်
ထပ်ထည့်ကာ ကြက်ဥတစ်လုံး
ဖောက်ထည့်ပြီးကြော်ကာ Jongin ပန်းကန်ထဲ ထည့်ပေးလိုက်သည် နောက် ဖျော်ပြီးသား သံပုရာဖျော်ရည်ကိုပါ Jonginရှေ့ တွဲချပေးလိုက်တော့
YOU ARE READING
More Than
Fanfictionကိုယ်တို့ တစ်ယောက်ကို တစ်ယောက်ချစ်ကြတယ်.... ပျော်ရွှင်ခြင်း....ဝမ်းနည်းခြင်း... မြတ်နိုးခြင်း...ရယူလိုခြင်း... ပေးဆပ်ခြင်း....မျှဝေခြင်း... တစ်ယူသန်ခြင်း...သဝန်တိုခြင်း... နားလည်ခြင်း ...စတဲ့.... လူသားဆန်တဲ့ ချစ်ခြင်...