" ညီ...ခဏနေထမင်းထွက်စားမလို့ ပြင်ထားလိုက်တော့..."

" ကျွန်တော် မလိုက်တော့ဘူး... ညစာက ကျွန်တော်ဟုတ်တိပတ်တိ အရင်ကတည်းက စားလေ့မရှိလို့... အကိုတို့ပဲလွတ်လွတ် လပ်လပ်သွားတော့"

" OK ... အဲဆိုကိုယ်သွားပီ... Good Night ငယ်လေး နဲ့ညီ"

အကိုကြီးပြန်ထွက်သွားတော့ အခန်းကြီးက အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားရသည်...

ရေချိုးခန်းထဲက ထွက်ခါစ အကိုက ခါးတွင် သဘက်ပတ်ထားပီး ခေါင်းက ရေတစက်စက် ကျနေသေးသည်... ကျောခိုင်းထားတော့ ကျောပြင်ပေါ်က ရေသီးလေးများက ဖြူသောအသားအရေ ကျစ်လစ်သော ခန္ဓာ ကိုယ်နှင့်ဆို....ဘယ်လိုတောင် ခန့်ညားနေတာလဲ... ကိုယ့်ဘာသာတွေးပီး ကြက်သီးများပင်ထလာရသည်...ကျွန်တော့ကလေ ...ယောင်္ကျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ကြည့်ပီး သဘောကျနေရတယ်လို့... ကျွန်တော့ ခေါင်းအား ဇက်ခနဲခါထုတ်ပီး သက်ပြင်း အကျယ်ကြီးချမိတော့... ဘာဖြစ်တာလဲဆိုတဲ့ပုံနဲ့ လာကြည့်နေသောအကို....

ကျွန်တော်လဲခပ်တည်တည်ဖြင့် ရေချိုးခန်းထဲဝင်လိုက်သည်...
ရေချိုးခန်းထဲမှ မှန်တွင်ပေါ်လာသော ကျွန်တော့ပုံရိပ်အား ကြည့်ပီး မဲ့ရွဲ့လိုက်ရင်း....

" Perfect ဖြစ်လွန်းနေတဲ့ သူ့ကိုကြည့်မိတာ ငါ့အပြစ်မဟုတ်ဘူး.... Perfect ဖြစ်လွန်းအောင် နေတာကိုက သူ့အပြစ်... ဟွန်း"

ရေပန်းအောက်ဝင်ရင်း အားရပါးရ ရေအကြာကြီးချိုးလိုက်သည်....

ကျွန်တော်ရေချိုးခန်းက အထွက်... အခန်းထဲတွင် အကိုရှိမနေပေ... ဘယ်ရောက်သွားလဲမသိ...
ကျွန်တော်လည်း အင်္ကျီ အဝတ်အစားများလဲလိုက်ပီး
ခေါက်ဆွဲပြုတ်မှာရန် Reception ဖုန်းနံပါတ်အား ရှာရသေးသည်.....

တံခါးဖွင့်သံကြားတော့ ခေါက်ဆွဲပြုတ်ဘူးလေးကိုင်ပီး ဝင်လာသောအကိုက ကျွန်လက်ထဲသို့ ထို ခေါက်ဆွဲဘူးအား ထိုးအပ်လာသည်.... ကျွန်တော်လဲကြောင်တောင်တောင်ဖြင့် လှမ်းယူရင်း ... ငါခေါက်ဆွဲစားချင်တာ ဘယ်လိုသိသွားပါလိမ့်...

" ကျွန်တော်က မှာမလို့ Reception ဖုန်းနံပါတ်ရှာနေတာ...ကျေးဇူးပါအကို... ဒီနေ့အကိုအပေါ်မှာ အကြွေးတွေပဲတင်နေရတယ်... ကျွန်တော်က ဘာမှ မလုပ်ပေးရဘူး... အကိုပဲလိုက်လုပ်ပေးနေရတယ်..."

မင်းဖြစ်နေလို့ ( complete)Où les histoires vivent. Découvrez maintenant