"မင်း အဆင်​​ပြေရဲ့လား "

ဓာတ်​​လှေကားထဲတွင်​ နှစ်​​ယောက်​တည်းရှိ​နေတုန်း ထွက်​လာ​သော သူ့အသံ​ကြောင့်​ သူ့ဖက်​သို့မျက်​နှာမူလိုက်​ကာ ပြန်​​မေးလိုက်​မိသည်​။

"ဘာကိုလဲ CEO ကျွန်​​တော်​ကဘာကိုအဆင်​မ​ပြေရမှာလဲ "

"အရာအားလုံး​ပေါ့"

"စိတ်​မပူပါနဲ့ ကျွန်​​တော်​ အားလုံးအဆင်​​ပြေတဲ့အတွက်​ "

ကျွန်​​တော်​​ပြောပြီးပြီးချင်း ကျွန်​​တော်​တို့နှစ်​​ယောက်​၏ အကြား စကားသံများ ​ပျောက်​ဆုံးသွားသည်​ ။

"နှစ်​ရက်​ နှစ်​ရက်​ဘဲ ကိုယ့်​ကို ယုံကြည်​ပြီး ​စောင့်​​ပေးလို့မရဘူးလား ကိုယ်​အရာအားလုံးကို​ကျောခိုင်းပြီး မင်းဆီကိုလာခဲ့မယ်​​လေ "

"မရူးမိုက်​စမ်းပါနဲ့ CEO ခင်​ဗျားလဲ ခင်​ဗျားဘဝနဲ့ခင်​ဗျား ကျွန်​​တော်​လဲ အိမ်​က​ပေးစားတဲ့သူနဲ့ ယူရ​တော့မှာ "

"ဘာ မင်းကိုငါကလွဲပြီး ဘယ်​သူမှမပိုင်​ရဘူး "

တခဏအတွင်း အရိုင်းဆန်​သွား​သော သူ့ပုစံ​ကြောင့်​ ကျွန်​​တော်​ လန့်​ကာ ​နောက်​သို့ဆုတ်​သွားရင်း နံရံနဲ့ကပ်​သွားသည်​ ။ သူက ကျွန်​​တော့်​ မျက်​နှာကို လက်​နှစ်​ဖက်​နဲ့ ​မော့လိုက်​ပြီး ..

"အရင်​က ကိုယ့်​အနမ်း​တွေကို မင်းအရမ်းသ​ဘောကျခဲ့တာ​နော်​ အခု ကိုယ်​မင်းကို နမ်းလို့ရမလား "

"ဟင့်​အင်း.. "

တစ်​ဖြည်းဖြည်းတိုးလာ​သော သူ့မျက်​နှာ​ကြောင့်​ မျက်​လုံးအစုံကို မှိတ်​ကာ ​ခေါင်းခါရင်း ငြင်းဆန်​မိသည်​ ။ ကျွန်​​တော်​ သူ့အနမ်း​တွေ​အောက်​မှာ မကျဆုံးချင်​ဘူး ။ သူ့ကိုစွဲလမ်းသွားပြီး မဖြစ်​သင့်​တာ​တွေ ဖြစ်​ကုန်​လိမ့်​မယ်​ ။

ကျွန်​​တော်​ငြင်းဆန်​​သော်​လည်း သူကဂရုမစိုက်​ဘဲ ကျွန်​​တော့်​နှုတ်​ခမ်း​တွေကို ပြင်းရှစွာ နမ်းနေ​သည်​ ။ ကျွန်​​တော်​ နှုတ်​ခမ်းအစုံကို ပိတ်​ကာ တိုးဝင်​လာသည့်​အနမ်း​တွေကို တားဆီးလိုက်​သည်​ ။

Dreams(Completed)Donde viven las historias. Descúbrelo ahora