အပိုင်း(၇)

5.9K 819 50

နံနက်​​ရောက်​လို့​နေအလင်း​ရောင်​ထွက်​​ပေါ်လာပြီးသည်​နှင့်
သိပ်​မကြာလှ​သောအချိန်​​လေးတွင်းမှာပါးပြင်​​ပေါ်သို့
ရောက်​လာ​သောကြင်​ယာ​တော်​ရဲ့လက်​ဖဝါး​လေး​ကြောင့်
အရှင်​နိုးလာခဲ့သည်​ ။

အသိစိတ်​နိုး​နေ​သောအရှင်​...

သူ့ရဲ့ပါး​လေးသို့လက်ဖဝါးေ​လးဖြင့်
လာ​​ရောက်​ထိ​နေ​သောကြင်​ယာ​တော်​...

သူ့အားချစ်​ချင်းအပြည့်​တို့ဖြင့်​သူ့၏မျက်​နှာကိုစိုက်​ကြည့်
နေတတ်​သည်​ကိုသိထားသည့်​အတွက်​မှိတ်​လျက်​ရှိ​သော
မျက်​ဝန်းတစ်​စုံအားဖွင့်​ယူခြင်းမရှိပဲအိပ်​ချင်​​ယောင်​သာ
ဆောင်​​နေမိသည်​ ။

သိပ်​မကြာခင်​သူရဲ့နှုတ်​ခမ်းတစ်​စုံ​ပေါ်သို့ထိကပ်​လာ​သော
နူးညံ့လှ​သောနှုတ်​ခမ်းပါး​လေးတစ်​စုံ​ကြောင့်အိပ်ချင်​​ဟန်​​ဆောင်
နေ​​မှုတို့အားခဝါချကာမှိတ်​ထား​သောမျက်​ဝန်းတစ်​စုံအား
အသာဖွင့်​ကြည့်​လိုက်​​သောအရှင်​...

သူရဲ့နှုတ်​ခမ်းထူထူ​လေးအားစုပ်​ယူနမ်းရှိုက်​​နေ​သော
ကြင်​ယာ​တော်​...

ကြာမျှလှ​သောအနမ်းပန်း​ပွင့်​တစ်​ပွင့်​ကိုမိမိရဲ့နှုတ်​ခမ်းထူထူ​ပေါ်သို့
စိုက်​ပျိုး​ပေးပြီးပြန်​ခွာသွား၏ ။ထို့​နောက်​မိမိပါးပြင်​သို့လက်​ဖဝါး​လေး
နှစ်​ဖက်​နဲ့အုပ်​မိုးကိုင်​ပြီးမိမိ၏မျက်​နှာအားချစ်​မျက်​ဝန်းတစ်စုံတို့ဖြင့်
အသာစိုက်​ကာကြည့်​​နေပြန်​သည်​ ။

" Byun!...Byunကိုယ့်​ဆီပြန်​လာတယ်​...တကယ်​!...
Byunမယ်​​တော်​ဆီကိုမသွား​တော့ပဲကိုယ့်​ဆီကိုပြန်​လာခဲ့တာလား "

မင်းကြီး​​ပြော​နေ​သောစကားတို့အားအငို​မျက်​ဝန်း
အပြုံးမျက်​နှာတို့ဖြင့်​နား​ထောင်​​ပေး​နေ​သောကြင်​ယာ​တော်​...

မင်းကြီးစကားဆုံးသည်​နှင့်​မင်းကြီးအားပြုံး၍ကြည့်​ရင်း
ပါးပြင်​​ပေါ်သို့ပိုးပိုး​ပေါက်​​ပေါက်​ဖြင့်​ကျ​နေ​သောပုလဲမျက်​ရည်​ကြည်​တို့အားမျက်​ကွယ်​ပြုလျက်​...

|| ကြင်​ယာ​တော်ြေ​ဗာင်​ ||Where stories live. Discover now