အပိုင်း(၄)

4.9K 697 72

* ရွှမ်း . . ရွှမ်း *

" ကြင်​ယာ​တော်​ ကျွန်​​တော်​မျိုးမမှာ ဘာအပြစ်​ရှိလို့
အခုလို နှိပ်​စက်​တာလဲ . . အ့ "

* ရွှမ်း . . ရွှမ်း *

ကြိမ်​ဒဏ်​​ပေးသည့်​ ခုံ​ပေါ်၌ ဝမ်းလျား​​မှောက်​လျက်
အလှဲခံထားရ​သော​ ရှောင်​မိဖုရား ။

သူမ၏ လက်​နှစ်​ဖက်​ကို ရဲမတ်​နှစ်​ဦးအား ထိန်းချုပ်​ခိုင်း
ထားပြီး ကျန်​ရဲမတ်​တစ်​ဦးကို ကြာပွတ်​ဖြင့်​ ရိုက်​​စေကာ
အ​ရှေ့တွင်​ မျက်​စိစုံမှိတ်​လျက် ​သူမ ကျိန်​ဆဲသံ ၊ အော်​ငိုသံ
တို့အား နားနှင့်​ နင့်​​နေ​အောင်​ နား​ထောင်​၍ အပြစ်​​ပေး
နေ​သော ကြင်​ယာ​တော် ။

သူကိုယ်​တိုင်​သည်​လည်း ဤလိုမျိုး ရက်​စက်​တတ်​သည့်
လူတစ်​ယောက်​​ မဟုတ်​သည့်အတွက် ​ကိုယ်​တိုင်​ အပြစ်
မ​ပေးပဲ သူ့အစား ရဲမတ်​တစ်​ဦးကိုသာ ညင်​ညင်​သာသာဖြင့်
ရိုက်​ခိုင်းပြီး အပြစ်​​ပေးလို့ေ​နသည်

ရှောင်​မိဖုရားသည်​ သူ့ထက်​ ၅နှစ်​ ငယ်​ပြီး ညီမ​တော်
အရွယ်​လည်း ဖြစ်​သည်​မလို့ တော်​ရုံတန်​ရုံ ဆိုးသွမ်းခြင်းကို
ေ​ဗွမယူပဲ သူ ကိုယ်တိုင် ​​မျက်​ကွယ်​ပြုကာ ​နေ​ပေးခဲ့သည်

သို့​သော်​ငြားလည်း ယခု သူမကို အပြစ်​​ပေးရခြင်း အဖြစ်​သည်
အပြစ်​​မ​ပေးလို့မဖြစ်​​တော့သည့်​ အ​ခြေအ​နေ တစ်​ရပ်​​ကြောင့်​ပင်
ကြိမ်​ဒဏ်​ အချက်​၅၀အား ညင်​သာ​သော ရိုက်​မှုတို့ဖြင့်​သာ
အပြစ်​​ပေးဖို့ သူ ဆုံးဖြတ်​ခဲ့သည်

ထို့သို့ အပြစ်​မ​ပေးလို့မဖြစ်​သည့်​ အ​ကြောင်းသည်​ကား
အရှင်​ တော်​​ကောက်​ထား​သော မိဖုရား တစ်​ပါး
ဖြစ်​ပါလျက်​ အရှင့်​ နောက်​ကွယ်​တွင်​ အရှင်​ မသိ​အောင်
ရဲမတ်​တစ်​ဦးနဲ့အတူ​ ဖောက်​ပြန်​​နေတာ​​ကြောင့်​ ယခုလို
သူမ အပြစ်​​ပေးခံ​နေရခြင်းပင်​ ဖြစ်​သည်

* ရွှမ်း . . . ရွှမ်း *

" ကြင်​ယာ​တော်​ "

ကြိမ်​ဒဏ်​ မပြည့်​​သေး အ​ချက်​ပေါင်း အ​​တော်​မျှပင်
ကျန်​​သေး​သော်​လည်း ဒဏ်​​​ပေး​နေ​သော ရဲမတ်​ဆီမှ
ခေါ်သံ​ကြောင့်​ သူ့ရဲ့ အတင်း မှိတ်​ယူထား​သော မျက်​ဝန်း
တစ်​စုံကို ဖြတ်​ခနဲ ဖွင့်​ကာ​ ​ဘေးသို့ တစ်ချက် ​​​လှည့်​ကြည့်
လိုက်​​သောအခါ . . .

|| ကြင်​ယာ​တော်ြေ​ဗာင်​ ||Where stories live. Discover now