အပိုင်း(၁)

9.6K 782 17

" အွင်း . . . မင်းကြီးကလဲကွာ . . အရမ်းဆိုးတာပဲ "

" ကိုယ်​ဆိုး​အောင်​လို့ ချစ်ေ​လးက ဆွဲ​ဆောင်​​နေတာကို "

" အင်းးးး . . . မင်းကြီး ​ဖြေး​ဖြေးလုပ်​ပါ "

အိပ်​​ဆောင်​ထဲတွင်​ အရှင် ​မင်းကြီး ပတ်​ချန်း​ယောလ်နှင့်
သည်​တစ်​​နေ့မှ အသစ်​စက်​စက်​ လတ်​ဆက်​ ​ခံထား
ရ​သော မိဖုရား​ ရွယ်​အယ်​တို့၏ ချစ်​ရည်​ လူး​နေ​သော
အသံတို့အား အိပ်​​ဆောင်​ အပြင်​ဘက်​တွင်​ ရပ်​လျက်
ကြား​ယောင်​​နေ​ရ​သော ကြင်​ယာ​တော်ြေ​ဗာင်​ ။

" ​ရှောင်​ယွဲ့ . . လက်​ထဲက စွတ်ပြုတ်​ကို
ရန်​ကုန်းကုန်းကို​ ပေးလိုက် "

" ဟုတ်​ကဲ့ ကြင်​ယာ​တော်ြေ​ဗာင်​ "

ပါးပြင်​​ပေါ်သို့ ပုလဲ မျက်​ရည်​ကြည်​တို့ ဘယ်​ချိန်
ဘယ်​အခါကဝယ်​ စတင်​ ကျ​ရောက်​​နေသနည်းကို
သတိမထားမိ ။

မိမိ ကိုယ်​တိုင်​ အပင်​ပန်းခံကာ အချိန်​ကြာကြာ ယူ၍
ချက်​ထား​သော ကြက်​စွပ်​ပြုတ်​အား ရန်​ကုန်းကုန်းသို့
ပေးရန်​​ ကြင်​ယာ​တော်​​ နှုတ်မှ ​မိန့်​လိုက်​သည်​နှင့်​ . . .

ချက်​ချင်းဆိုသလိုပင်​ အပျို​တော်​​ရှောင်​ယွဲ့သည်​ သူမ၏
လက်​ထဲမှ ကြက်​စွပ်​ပြုတ်​ ပန်းကန်​ တင်​ထား​သော
ဗန်းအား ရန်​ကုန်းကုန်းလက်ထဲသို့ လွဲ​ပြောင်း​လို့
ပေးလိုက်​​လေသည်​ ။

" ရန်​ကုန်းကုန်း အရှင်​တို့ ကိစ္စ ပြီး​မြှောက်​သွားတဲ့
အချိန်​ကျရင်​ အရှင်​နဲ့ ရွယ်အယ်​​မိဖုရားတို့ကို ဒီစွတ်​ပြုတ်​ကို
တိုက်​လိုက်​ပါ ပြီး​တော့ အခု ကြင်​ယာ​တော် ဒီကို လာသွား
တာကိုလည်း အရှင်​ ​​မသိပါ​စေနဲ့ . . ​တောင်းဆိုပါတယ်​ "

သနားသော မျက်​နှာထား ၊ အားနာ​သော မျက်​နှာထား
တို့ဖြင့်​သာ ရန်​ကုန်းကုန်းတစ်​​ယောက် ​​ကြင်​ယာ​တော်
အ​ရှေ့​မှောက်​သို့ ဦးညွှတ်​လျက်​ . . .

" ဟုတ်​ကဲ့ ကြင်​ယာ​တော်ြေ​ဗာင်​ "

ရန်​ကုန်းကုန်းဆီမှ လိုချင်​​သော စကားသံ ကြားရသည်​နှင့်
ကြင်​ယာ​တော်​ တစ်​ချက်​ ပြုံးလိုက်​လျက်​ အရှင် ​မင်းကြီး
အိပ်​​ဆောင်​နှင့်​​ ​ဝေးရာ​ တစ်​နေရာသို့သာ လမ်း​​လျှောက်
ထွက်​လာခဲ့​သည်​ ။

|| ကြင်​ယာ​တော်ြေ​ဗာင်​ ||Read this story for FREE!