အခန်း(၇၁) ကျိုးသွား​သောမျက်​မှန်​တစ်​လက်

8.7K 1.1K 40
                                    

အခန်း(၇၁) ကျိုးသွား​သောမျက်​မှန်​တစ်​လက်

"ငါ့ကိုယ်​ငါဒီ​လောက်​​တောင်​ဆွဲ​ဆောင်​မှုရှိမှန်းမသိခဲ့ဘူး''

ချန်​အန်း၊ အိုင်​ဗန်​၏လက်​ကိုဖယ်​ချလိုက်​ပြီး တစ်​ဖက်​လူ၏အကြည့်​​ရှေ့မှာ သက်​ပြင်းချလိုက်​သည်​။ ''သူငါ့ကိုသတ်​ချင်​တာမင်း​ဘေးမှာရှိ​နေလို့လည်းဖြစ်​နိုင်​တာပဲ။ ဘာလဲ ယိဝမ်​ မင်းကတာဝန်​မယူချင်​​တော့ဘူးလား''

သူအရင်​က အိုင်​ဗန်​ဟုသာ​ခေါ်ခဲ့​သော်​လည်း အခု ယိဝမ်​ဟုပိုရင်း​သောအသုံးအနှုန်းဖြင့်​​ခေါ်လိုက်​သည်​။ မည်​သည့်​အကာအကွယ်​မှဟန်​တားခြင်းမရှိသည့်​ ထိုမျက်​ဝန်းတစ်​စုံ၏အကြည့်​က အိုင်​ဗန်​၏ရင်​ကိုကျည်​တစ်​စင်းပစ်​ခွင်းသလိုဝင်​​ရောက်​လာသည်​။

"အဲ့​ခွေးရူးက ကိုယ့်​မှာမင်းလိုလူတစ်​​ယောက်​ရှိ​နေလို့ ကိုက်​ချင်​​နေတာသိပါတယ်​။ သူ့ကို​ခေါက်​ထားလိုက်​စမ်းပါ... မင်းကထာဝရကိုယ့်​လူပါ အန်း''

တိုးညှင်းရှတ​သော​လေသံက ရုရှား​အော်​ပရာများထဲမှာအသံများနှယ်​....အန္တရာယ်​ပြည့်​၍ဆွဲ​ဆောင်​မှုရှိလွန်းသည်​။ အိုင်​ဗန်​က ပိုင်​စိုးပိုင်​နင်းစကားနှင့်​အတူ ချန်​အန်း​ရှေ့သို့တိုးလိုက်
သည်​။ မနူးညံ့သည့်​နှုတ်​ခမ်းတို့က ချန်​အန်းပါးပြင်​ကိုရှပ်​တိုက်​သွားပြီး အရက်​နံ့ ​ရောသည့်​ပူ​နွေး​နွေးအာ​ငွေ့တို့က ချန်​အန်းလည်​ပင်းသို့​ရောက်​လာသည်​။

သူ အိုင်​ဗန်​ရင်​ဘတ်​​ပေါ်လက်​တင်​လိုက်​ပြီး​နောက်​သို့ကိုယ်​ကိုလှန်​လိုက်​သည်​၊ ''ငါ​သေသွားရင်​​တောင်​ အ​လောင်းကို​ဆေး​ရေစိမ်​ထားမယ့်​စွဲလမ်းမှုမျိုးထိလား?''

သူအိုင်​ဗန်​နှင့်​ အရမ်းမနီးကပ်​ချင်​ပါ။ ဒီလူဟာ နီးကပ်​​လေ အန္တရာယ်​များ​လေအမျိုးဖြစ်​သည်​။ ဒါက သူနဲ့အိုင်​ဗန်​ကြားက ပထမဦးဆုံးနဲ့​နောက်​ဆုံးအကြိမ်​ဖြစ်​မည်​။
ဘာ​ကြောင့်​ဆို ဒုတိယအကြိမ်​ရှိလာပါက သူ့ကိုစားလိုသည့်​ဤဝက်​ဝံကိုသူတားနိုင်​မည်​မဟုတ်​​တော့။ တစ်​ခါ​ရှောင်​နိုင်​ရုံနဲ့တင်​အ​တော်​စွန့်​စားရာကျ​နေပြီ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now