Chapter - 64 (Zawgyi & Unicode)
29.4K 2.7K 101
●●●Zawgyi●●●
T/N : ဒီတစ်​ပိုင်းရဲ့အ​ကြောင်းရာ​တွေက အိုက်​ရှင်း ရှင်းဖူ ​တောင်​ကို​ရောက်​တဲ့အချိန်​က​နေ လုယီ ​ရောက်​လာတဲ့အချိန်​ထိ ကြားထဲကအချိန်​​တွေမှာ နန်း​တော်​မှာဖြစ်​ပျက်​ခဲ့တဲ့အ​ကြောင်း​တွေပါ
ကုန်​လွန်​ခဲ့​သောအချိန်​ကာလအတွင်း၌ တစ်​ဖက်​နန်း​တော်​တွင်​လည်း .....
ရှန်း သည်​ အ​စောင့်​ရဲမက်​ ၅​ယောက်​နှင့်​ ကျင်း ကို မယ်​​တော်​ကြီးနတ်​ရွာစံသည့်​အ​ကြောင်းကို နှုတ်​ပိတ်​ထားရန်​အမိန့်​​ပေးပြီး ​နေ့စဉ်​လုပ်​​ဆောင်​မှုကိုသာ ပုံမှန်​လုပ်​​စေသည်​။
တစ်​ပတ်​ကုန်​ဆုံးပြီးချိန်​တွင်​ နန်းတွင်းအမတ်​တို့က ရှန်း ကို ​တွေ့ရန်​အတွက်​ ​တောင်းဆိုလာကြသည်​။
ရှန်း တည်​ကြည်​​သောမျက်​နှာထားနှင့်​ ပုလ္လင်​​ပေါ်ထိုင်​ပြီး​နောက်​ အမတ်​ကြီး စွန်းတ အ​ရှေ့သို့ထွက်​လာကာ ဦးညွှတ်​လျက်​ သတိအ​နေအထားနှင့်​ တည်​ငြိမ်​စွာ​လျှောက်​တင်​​လေသည်​။
"အရှင်​မင်းကြီး ... ကျွန်​​တော်​မျိုးကို ​လျှောက်​တင်​ခွင့်​ပြုပါ .. ကျွန်​​တော်​မျိုးနဲ့ အခြားအမတ်​​တွေက မယ်​​တော်​ကြီး နတ်​ရွာစံပြီလို့ ကြားသိထားပါတယ်​ ... ဒီကိစ္စဟာ ကျွန်​​တော်​မျိုးတို့အားလုံးနဲ့ တိုင်းပြည်​အတွက်​ အ​ရေးကြီးလှပါတယ်​ အဲဒါ​ကြောင့်​ မင်းကြီး ​ဖြေကြား​ပေးဖို့ ကျွန်​​တော်​မျိုး အသနားခံပါတယ်​"
ရှန်း မျက်​​မှောင်​ကြုတ်​လိုက်​ကာ ပါးစပ်​ဖွာသည့်​ လိမ်​လည်​သူကို ရှာ​ဖွေရန်​လုပ်​​​သော်​လည်း ​တွေးဆကြည့်​ပြီး​နောက်​ မယ်​​တော်​ကြီး ​သေဆုံးမှုကို သိထားလျှင်​ ပြစ်​မှု​လျော့​ပေါ့လိမ့်​မည်​ဟု ​​တွေးမိသည်​။ ထို့​ကြောင့်​ မယ်​​တော်​ကြီး နတ်​ရွာစံခြင်းကို အတည်ပြု​လိုက်​ပြီး တစ်​ပတ်​ကြာလျှင်​ ဈာပနအခမ်းအနားပြုလုပ်​မည်​ဟု ​ကြေညာ​လေသည်​။
တစ်​ပတ်​ကြာပြီး​နောက်
မယ်​​တော်​ကြီး နတ်​ရွာစံသည်​ကို အနည်းစုသာသိကြသဖြင့်​ သစ္စ​ဖောက်​သူကို ရှာ​ဖွေရန်​ မခက်​ခဲ​ပေ။ ကျန်းရှီ ကိုယ်​တိုင်​ အနည်းသာအားထုတ်​၍ ကြိုးစားရှာ​ဖွေခဲ့သည်​။ သစ္စ​ဖောက်​မှာ မယ်​​တော်​ကြီးအ​ဆောင်​မှ အ​စေခံတစ်​​ယောက်​ဖြစ်​သည်​ဟု ​သိခဲ့ကြသည်​။ မယ်​​တော်​ကြီး ​သေဆုံးသည်​ကိုသိရသည့်​​နေ့ကတည်းကပင်​ ​ပျောက်​​နေခဲ့သည့်​အ​စေခံသည်​ ထို​နေ့က ​ရှိ​နေ​သောသူတစ်​​ယောက်​ထံမှ ကြားခဲ့ရပြီးဖြစ်​လိမ့်​မည်​။ ရှိ​နေခဲ့သည့်​သူကလည်း ရှန်း အ​ကြောင်းကြား​ပေးရန်​အတွက်​ ကျန်းရှီ ​ရွေးကာလွှတ်​​ပေးလိုက်​​သော အ​စောင့်​ကလွဲ၍ အခြားသူမဟုတ်​​ပေ။ အ​စောင့်​မှာလည်း သူအသက်​ရှင်​ခဲ့​သော​ကြောင့်​ ဂုဏ်​ယူစွာပင်​ မင်းကြီး၏စိတ်​အား ​ပြောင်းလဲရန်​လုပ်​ခဲ့ပုံကို အခြားသူများကို ​ပြော​လေသည်​။ အ​စေခံတစ်​​ယောက်​ကို​ပြောပြ​နေစဉ်​ မင်းကြီးက မယ်​​တော်​ကြီး နတ်​ရွာစံသွားသဖြင့်​ အမျက်​ထွက်​​နေ​ကြောင်းကို ပါးစပ်​​ချော်​ကာ​ပြောမိသွားသည်​။ ထိုအ​စေခံကလည်း အခြားသူကို တဆင့်​ပြန်​​ပြော​လေ​တော့သည်​။