ထိုစကားကြားမှ အသည်းအသန်တွေ ဖယ်ပေးနေတဲ့ ယွန်းဂီရှေ့က မျက်နှာတည်ကြီးနဲ့ဖြတ်လျှောက်ပြီး အိမ်ကလေးအတွင်းကို ဝင်ခဲ့လိုက်တဲ့ခဏ ကိုယ့်မျက်လုံးကို ကိုယ်မယုံနိုင်စရာ
မြင်ကွင်းလေးက သူမကို နောက်ထပ်တစ်ခါဆီးကြိုပြန်သည်။ အာရုံတွေစုစည်းဖို့ မစွမ်းသာနိုင်လောက်အောင် နွေးထွေးရင်းနှီးသော ရပ်ဝန်းလေးက အံ့သြမှင်သက်ဖို့ကောင်းစွာ မျက်စိရှေ့မှာ တဖန်အသက်ဝင်နေခဲ့သည်။
အိမ်. . . သူမနဲ့ယွန်းဂီ အချစ်တွေဝေမျှခဲ့တဲ့နေရာ ပျော်ရွှင်မှု ဝမ်းနည်းစရာအမှတ်တရတွေပြည့်သိပ်ခဲ့သော နေရာငယ်လေးနဲ့ တစ်ထပ်တည်းကျသော ပုံစံငယ်လေးအတိုင်း ဖန်တီးထားတဲ့ အိမ်။

ဖရိုဖရဲ စာအုပ်စင်တွေမှစပြီး အမျိုးအစားစုံစီဒီချပ်တွေအပြင် ခရစ္စမတ်နေ့မှာ သူတို့နှစ်ယောက်အလှဆင်ခဲ့တဲ့ သစ်ပင်လေးအထိ . . .နှစ်ယောက်အတူ ရုပ်ရှင်ထိုင်ကြည့်ခဲ့ကြတဲ့ ဧည့်ခန်းပုံစံလေး အစအဆုံး တစ်ခုမှမလွဲအောင် ဖန်တီးထားတာ ။

"ဘယ်အချိန်ထဲက ဒီလိုတွေပြင်လိုက်တာလဲ "

"ဒီရောက်ထဲက နည်းနည်းစီ တစ်နေ့ချင်းစီပြင်ထားတာ "

အံဝင်ခွင်ကျရှိပြီး အမြဲတမ်းလိုနစ်မြုပ်သွားအောင်ဖက်ထားတတ်တဲ့ ရင်ခွင်က သူမအနောက်ကသိုင်းပြီးပွေ့လာသည်။ ခေါင်းကိုအနောက်ပစ်ရင်း ပုခုံးပေါ်ကို မှီလိုက်ပြီး ပါးတွေကိုနစ်ဝင်အောင် နမ်းလိုက်တော့ သူမကိုပွေ့ထားတဲ့လက်တွေက ပို၍တင်းကြပ်လာ၏။

နေဦး . . .

"ယွန်းဂီ "

"ဟင် "

"စတူဒီယိုနဲ့ အိပ်ခန်းတော့ တွဲမထားဘူးမဟုတ်လား "

ဆတ်ခနဲဆွဲလှည့်ပြီး မေးလိုက်တော့ ခေါင်းကုတ်သလို လည်ပင်းကိုပဲ ပွတ်နေသလို ဟိုလိုလို ဒီလိုလိုလုပ်ရင်း ချက်ချင်းအဖြေကထွက်မလာ. .။

"ဟို .... အဲ့ဒါကလေ ဟိုဟာ ...."

"နေတော့ အွန်းဟာကိုယ်တိုင်ပဲသွားကြည့်တော့မယ် "

တံခါးနှစ်ချပ်ဆင့်ပိတ်ထားတဲ့ စတူဒီယိုအခန်းကိုမြင်တော့ သိပ်မအံ့သြမိသလို passwordနှစ်ခါဆင့်ရိုက်ရသည့် အနေအထားကြီးကလည်း ထူးထူးခြားခြား မစိမ်းသက်နေခဲ့ . . ။အခန်းထဲမှာက သူမထင်ထားခဲ့သလို အိပ်ရာနဲ့အတူတွဲထားတာမျိုးမဟုတ်ဘဲ ဟိုတစ်လောက သူသိပ်လိုချင်တယ်လို့ပြောခဲ့တဲ့ နောက်ဆုံးပေါ်စက်အသစ်ချက်ချွတ်တွေနှင့်ပြည့်နေသည့် အလုပ်ခန်းသက်သက်ဖြစ်နေသည်။

Winter's First Love ❄❄ {Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ