အခန်း(၅၉) Ivanov's confession | Chen an's Game

Comenzar desde el principio
                                    

"မင်းကချမ်းသာပြီးအင်​အားရှိတာငါသိတယ်​။ ငါ့အ​ခြေအ​နေနဲ့ငါမင်းကိုလွန်​ဆန်​လို့မရပါဘူး'' အိုင်​ဗန်​က ပွင့်​လင်းတဲ့ တဲ့တိုးသမား။ ဒါ​ပေမယ့်​ ဒါက ချန်​အန်းကလည်း အဲ့လို တဲ့တိုးသွားမယ်​လို့မဆိုလိုဘူး​လေ။

မြေ​ခွေးအိုကြီး ဆိုတဲ့ နံမည်​​ပြောင်​ကဘယ်​ကလာတာမို့လဲ။ ပြဿ  နာကို အင်​အားနဲ့မရှင်းနိုင်​ရင်​ ဥာဏ်​ကိုလွှာသုံးပြီး ရှင်းတတ်​တာမို့​လေ။

အိုင်​ဗန်​ကို မျက်​စိ​ရှေ့ကရှင်းထုတ်​လို့မရနိုင်​မှ​တော့ သူဥာဏ်​သုံးရ​တော့မှာ​ပေါ့။ သူ ဒီဝက်​ဝံကို​ထောင်​​ချောက်​ဆင်​မည်​။
"ငါတို့ ဂိမ်းတစ်​ခုကစားရင်​ဘယ်​နဲ့လဲ''

"ကြားရတာ​တော့​ထောင်​​ချောက်​လိုပဲ'' အိုင်​ဗန်​ကသတိအ​နေနဲ့ ဆက်​သည်​။ တစ်​ချိန်​ထဲမှာပဲ သူချန်​အန်းကိုအ​လျော့​ပေးလိုက်​မိပြန်​သည်​။

"​ပြော​လေ နား​ထောင်​ကြည့်​ရ​အောင်​။ ဘယ်​လိုဂိမ်းမျိုးလဲ''

"မင်းတို့လူချမ်းသာ​တွေ ကစား​နေကျဂိမ်းမျိုး​ပေါ့'' ဒီလူဟာ အချစ်​အ​ကြောင်းကို အတည်​​ပြော​နေတာမဟုတ်​ဘူး။ သာမန်​လူတစ်​​ယောက်​ကို ဘယ်​လိုမှစိတ်​ဝင်​စားမယ့်​လူလည်းမဟုတ်​ဘူး။

ချန်​အန်း စကားဆုံးသည်​နဲ့ ဒီလူဘာ​ပြောချင်​သလဲ အိုင်​ဗန်​နားလည်​ပြီးပြီ။ ''ကိုယ်​ ကဘာလို့စိတ်​ဝင်​စားစရာမ​ကောင်းတဲ့ သာမန်​လူ​တွေကိုပိုးပန်းရမှာလဲ။ လက်​တစ်​​ချောင်းလှုပ်​​ရုံနဲ့ရ​နေတာကို''

"ဒါ​ပေမယ့်​ လူတိုင်းက မင်းလိုအသင့်​စားစားဖွယ်​​တော့မဟုတ်​ဘူး​ပေါ့။ '' အိုင်​ဗန်​သည်​လည်း ​ခေသူမဟုတ်​​ပေဘူး​လေ။ ဒါ​ပေမယ့်​ ​မြေ​ခွေးအိုကြီး ဆီမှာ ဝက်​ဝံဖမ်းဖို့ နည်းလမ်းကရှိပြီးသားပါ။

မမြင်​ရတဲ့​မြေ​ခွေးအမြှီး​တွေက သူ့​နောက်​မှာလှုပ်​ရမ်း​နေသလိုချန်​အန်းလက်​ထိပ်​နဲ့ခွက်​နှုတ်​ခမ်းကို ဖြည်းဖြည်း​လေးပွတ်​သပ်​လိုက်​သည်​။ ''လွယ်​လွယ်​နဲ့ရတဲ့အရာမှန်​သမျှက လူပဲဖြစ်​ဖြစ်​ ပစ္စည်းပဲ ဖြစ်​ဖြစ်​ ငြီး​ငွေ့လွယ်​တယ်​။ ငါက​တော့အဲ့လို ဖမ်းရလွယ်​တဲ့လူမျိုးမဖြစ်​ချင်​ဘူး''

Rebirth of Chen An【Zaw + uni】Donde viven las historias. Descúbrelo ahora