ရှန်း လုပ်​ရပ်​များနှင့်​ တုံ့ပြန်​မှုတို့ကို ကျန်းရှီ အမြဲတားကာ ဆင်​​ခြင်​​စေ​သော်​လည်း ရှန်း နှင့်​ ရှန်း တန်​ဖိုးထား​သောသူတို့ကိုပါ မထိခိုက်​​စေတတ်​သည်​ကို ရှန်း ​ကောင်း​ကောင်းကြီး သိထားသည်​။ ထို့အတူ ရင်​ ကိုလည်း အချိန်ကြာရှည်​စွာ သိခဲ့ပြီး သူ၏ သစ္စာခံများထဲမှ အ​ကောင်းဆုံးပင်​ဖြစ်​​ကြောင်းကိုလည်း သိထားသဖြင့်​ ရင်​ လည်း သူ့ကို လိမ်​မည်​မဟုတ်​ပါ။ ရှန်း သက်​ပြင်းချလိုက်​ပြီး ​ဒေါသစွက်​​နေ​သည့်​အသံနှင့်​ ....

"မင်းတို့ ​နေရာတိုင်းကို ရှာပြီးပြီလား"

ရှန်း စိတ်​လိုက်​မာန်​ပါမလုပ်​သဖြင့်​ ကျန်းရှီ စိတ်​​အေးသွားပြီး ရင်​ နှင့်​အတူ နန်း​တော်​အနှံ့ ရှာ​ဖွေခဲ့​သော်​လည်း အိုက်​ရှင်း ကို လုံးဝမ​တွေ့​ကြောင်း​ ​ပြော​လေသည်​။

ကျန်းရှီ စကားဆုံးသည်​နှင့်​ ရှန်း အ​​ဆောင်​ဝင်း၏ အ​ရှေ့တံခါးကိုကြည့်​လိုက်​ကာ ....

"ဘယ်​သူ​တွေ ဝင်​ထွက်​သွား​သေးလဲ"

ကျန်းရှီ နှင့်​ ရင်​ အချင်းချင်းကြည့်​လိုက်​ပြီး ​ခေါင်းယမ်းပြရင်း မသိ​ကြောင်းကို ​ပြော​လေသည်​။

အိုက်​ရှင်း ထွက်​သွားသည်​ကိုလည်း ဘယ်​သူမှမ​တွေ့၊ ဘယ်​သူမှလည်း မဝင်​လာဘဲနှင့်​ အိုက်​ရှင်း ​ပျောက်​​နေသည်​ကို သံသယဖြစ်​​နေသဖြင့်​ ဂိတ်​တံခါးကို ရှန်း အမြန်​သွားလိုက်​ပြီး အဓိကကျသည့် ​အ​စောင့်​တစ်​​ယောက်​ထံ သွား​လေသည်​။

အခြား​သောအ​စောင့်​နှင့်​ ရဲမက်​များကဲ့သို့ပင်​ အဓိကကျ​သော ​ခေါင်း​ဆောင်​ရဲမက်​သည်​လည်း ရှန်း ကို​ ​တွေ့လိုက်​ကြသည့်​အခါ ထိတ်​လန့်​သွားကြ​လေသည်​။ အ​စောင့်​များ​ခေါင်းငုံ့ထားကြစဉ်​ ရှန်း မှာ အ​ဆောင်​ထဲသို့ ဝင်​လာသူရှိမရှိကိုသာ ​မေး​နေသည်​။ ရှန်း ၏ ပြတ်​သား​သောအသံ​ကြောင့်​ ရဲမက်​တို့ တုန်​လှုပ်​​နေကြ​သော်​လည်း ရှန်း အသံထဲတွင်​ အာဏာအပြည့်​နှင့်​ အမိန့်​​ပေးသံပါသဖြင့်​ အ​စောင့်​တစ်​​ယောက်​က ချက်​ချင်းပင်​ ပြန်​​ဖြေ​လေသည်​။

ဘုရင့်​ကိုယ်​လုပ်​​တော်​အား ခိုးယူခြင်းWhere stories live. Discover now