"Aww.. ဟုတ်လား .. sorry !မသိလိုက်ဘူး .. မင်းနာမည်ဘယ်လိုခေါ်လဲ"

"Bae Jinyoung ပါ"

"Bae Jinyoung!! Ok!! "
ဆရာက စားပွဲခုံပေါ်ကကျောင်းသားတွေရဲ့ profile ရေးထားတဲ့စာအုပ်ကိုယူကြည့်လိုက်တော့ Bae ရဲ့စာရွက်ကိုနောက်ဆုံးမှာတွေ့လိုက်တယ် ..

အရင်ကျောင်းမှာတုန်းက Grade ဘယ်လောက်ရခဲ့တယ်ဆိုတာတွေ့လိုက်တော့ ဆရာက Bae အပေါ် impression တော့ဝင်သွားမိသည်...

"Okay!! ကဲအာ့ဆို page 101 ကိုအားလုံးဖွင့်လိုက်ကြပါ"

ဆရာပြောတာနဲ့ ကျောင်းသားတွေအကုန်လုံးစာရွက်တွေလှန်လိုက်ကြတယ် ...

Bae ရဲ့စိတ်ထဲ အတွေးတစ်ခုဝင်ရောက်လာသည် ... ဒါပေမဲ့ ကိုယ်နဲ့မသက်ဆိုင်တဲ့သူအတွက် ပိုင်စိုးပိုင်နင်းစိတ်ပူနေမိသည်
"အဲ့တစ်ယောက် စာအုပ်ရောရှိရဲ့လား ပါလာရဲ့လားမသိဘူး"

Bae ရဲ့နောက်မှာထိုင်နေတာက Sojin
Bae ကနောက်ကိုလှမ်းကြည့်လိုက်တယ် ... ကြည့်လိုက်တာက Sojin ဘေးက Lee Daehwi ကို

Lee Daehwi ကကျောင်းသာမှန်အောင်မတက်ရင်မတက်မှာစာအုပ်ကတော့ အကုန်ယူလာပြီးသား ... တွေ့ရာတွေအကုန် ထိုးသိပ်ထည့်လာတော့ မပါစရာအကြောင်းမရှိ

Bae က Lee Daehwi မှာစာအုပ်ရှိတာလည်းသိရော .. ချက်ချင်းပြန်လှည့်လိုက်တယ် ....

"ဟင် .. Bae ကဘာလို့ Ldh ကိုလှမ်းကြည့်တာလဲ?? ...
ကြည့်ရတာ ... ငါ့ကိုများကြိုက်နေတာလားမသိဘူး .. ဟိ
ငါ့ကိုကြည့်ရင် ငါသိသွားမှာစိုးလို့ဖြစ်မယ် .. အာ့ကြောင့် သူ့ကိုကြည့်သလိုနဲ့မသိမသာလှမ်းကြည့်တာကိုး"
Sojin တစ်ယောက်ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေမိသည်....
အမှန်အတိုင်းပြောရရင် Sojin ဘဝမှာ ဘယ်ယောက်ျားလေးကိုမှစိတ်မလှုပ်ရှားခဲ့ဖူးပါ .... ဒါပေမဲ့ အခုတော့ .. အဲ့ဒီ Bae Jinyoung ဆိုတဲ့ small face နဲ့ကောင်လေးကိုမှ .......... စိတ်ဝင်စားနေမိပြီ
~~~~~~~~~~~~
ဆရာထွက်သွားတာနဲ့ ....

Lee Daehwi လည်းအတန်းထဲကတန်းထွက်သွားသည်....

Lee Daehwi ခုံပေါ်ကထပြီး Bae ခုံကိုဖြတ်ခါနီးလေး .. Bae ရဲ့ဘောပင်လေးက ပြုတ်ကျသွားတယ် ...

ဒေါက်.....

Lee Daehwi ကတွေ့တော့ကောက်ပေးမလို့လုပ်ပေမဲ့ ... Bae ကအရင်ကောက်နှင့်လိုက်တော့လည်း ...
ဒီတိုင်းကျော်ပြီးတော့ပဲ ထွက်လာလိုက်တယ်..
ထွက်မသွားခင်လေး စကားပြောလိုက်တဲ့ ကောင်လေးတစ်ယောက်ရဲ့ အသံလေးကိုတော့ ကြားလိုက်မိသွားသည်ထင်ရဲ့

Inside OutWhere stories live. Discover now