ကြိုး-(16)

Začít od začátku
                                    

"​ရောက်​​တော့မှာပါ နည်းနည်းဆက်​သွားလိုက်
ရင်​​ရောက်​ပြီ"

တခုခု​တော့ ကြံစည်​မှရမည်​။
ပေါ်သွားရင်​ Yoonaနဲ့​ဝေးရရုံမက ​ထောင်​ကျ
ကိန်းပင်​ရှိသည်​။
မြေ​အောက်​ခန်းထဲ​ရောက်​ဖို့ရန်​ကလဲ တ​ဖြေး
ဖြေးနီးကပ်​​နေပြီ။
လှေကားထစ်​သုံး​လေးထစ်​​လောက်​ဆင်းလိုက်
ရင်​ ​ရောက်​ပြီ။
Yoonaကပို၍ စိတ်​​စော​နေမှန်း သူသိသည်​။
မြေ​အောက်​ခန်းတံခါးကို ​သော့ခတ်​ထား​သော
ကြောင့်​ သူ့ဘက်​လှည့်​ကာ ​သော့ဖွင့်​ခိုင်း​နေ
သည်​။
သူ​သော့​ပျောက်​သွားပြီဟု လိမ်​ထားလိုက်
သော်​လဲ အ​မေကYoona​ရှေ့ မှာတင်
သော့တွဲကို​ပေးလိုက်​ပြီးပြီ။
တုန်​ယင်​​မောဟိုက်​​နေ​သော နှလုံးအစုံကို
လက်​နဲ့မသိမသာဖိရင်း အံကြိတ်​ကာ ဖွင့်​​ပေး
လိုက်​သည်​။
တံခါးပွင့်​သွားသည်​နှင့်​ တပြိုင်​နက်​ အံ့သြမှုဖြင့်
မှင်​သက်​သွား​သော Yoonaဇက်​ပိုးကို
အားပြင်းပြင်းရိုက်​ချလိုက်​သည်​။
ခွေလဲကျလာ​သော ကိုယ်​လုံး​လေးကိုဆွဲ​ပွေ့ကာ
အခန်းထဲတွင်​ ကြိုးဖြင့်​ခိုင်​မာစွာချည်​​နှောင်
ထားလိုက်​ပြီး အိမ်​​ပေါ်သို့ဟန်​မပျက်​တက်​လာ
ခဲ့သည်​။

"Yoona ​ရော သား​လေး
သူ့ကိုလိုက်​ပြပြီးပြီလား"

"ဟုတ်​ကဲ့ ပြပြ်ီးပါပြီ
ခုနက သူ့အ​ဖေဖုန်းဆက်​တယ်
အိမ်​မှာအ​ရေးတကြီးကိစ္စရှိ​နေလို့တဲ့
အဲ့ဒါ သားသူ့ကိုပြန်​လိုက်​ပို့​ပေးလိုက်​ဦးမယ်
သူ့က ကား​ပေါ်​ရောက်​​နှင့်​ပြီ
စိတ်​​တွေလွတ်​​နေလို့ သားပဲသူ့ပစ္စည်း​တွေ
လာယူ​ပေးတာ"

အ​မေက သူ့စကားကိုယုံကြည်​သွားပုံရပါသည်။
ပြုံးပြီး​ခေါင်းညိတ်​ပြ​တော့ သူလဲပြန်​ပြုံးပြလိုက်
ကာ Yoonaပစ္စည်း​တွေကို ကား​ပေါ်ယူတင်
လိုက်​ရင်း ဟန်​​ဆောင်​ကာအိမ်​မှထွက်​လာလိုက်
ပါသည်​။

..........................................................

"Tae........"

"Aww Yuri ထိုင်​​လေ"

ကန်​တင်းတွင်​ ထိုင်​​နေပြ​သော Taeတို့အုပ်​စု
မှာ မိတ်​မဖွဲ့တတ်​​သော Yuriက စကားလာ
ပြော​နေ​သော​ကြောင့်​ ထူးဆန်း​နေကြသည်​။

ကြိုးKde žijí příběhy. Začni objevovat