Chapter - 47

12.3K 1.3K 78

"အား !!! သူ ဘာလို့ ဒီလိုလုပ်​ရတာလဲ !!!"

'ဒုန်း ... ခွမ်း'

ကျင်းရီ အခန်းနားသို့ ကပ်​လာ​သော ကျန်းရှီ ထိုအသံတို့​ကြောင့်​ အံ့ဩသွား​လေသည်​။

'ဘာဖြစ်​တာလဲ .. အထဲမှာ '

ကျန်းရှီ တံခါးဖွင့်​ကာ ဝင်​သွား​တော့ အခန်းမှာ ရှုပ်​ပွ​နေသဖြင့်​ ပို၍ပင်​ အံ့ဩရ​လေသည်​။

အသံကြားရာဘက်​ကိုကြည့်​လိုက်​​တော့ ​ဒေါသတကြီး ​အော်​​နေ​သော ကျင်းရီ ကို ​တွေ့လိုက်​​လေသည်​။ လှပစွာထုံးဖွဲ့ထား​သော ဆံပင်​တို့မှာလည်း ပုံပျက်​ကာ ရှုပ်​​ထွေး​နေ​လေသည်​။ ကျင်းရီ မျက်​နှာမှာလည်း မည်း​မှောင်​​နေပြီး လက်​ထဲတွင်​လည်း ဖန်​ကွဲစတစ်​ခုကိုင်​ထားသဖြင့်​ ​သွေးများ​ပေကျံ​နေ​လေသည်​။

"ဟို .. ကိုယ်​လုပ်​​တော်​ ကျင်းရီ ... ရှန်း .. အာ .. မင်းကြီး ဒီမှာမရှိဘူးလား"

ကျင်းရီ ဟန်​​ဆောင်​အမူအရာပင်​မလုပ်​နိုင်​​တော့ဘဲ ကျန်းရှီ ကို ​ဒေါသတကြီးလှည့်​ကြည့်​ရင်း ​အော်​လိုက်​သည်​။

"ထွက်​သွား !!!!"

ရှန်း မရှိ​ကြောင်း​သေချာ​တော့မှသာ ကျန်းရှီ လည်း ဘာမှမ​ပြော​တော့ဘဲ ထွက်​လာခဲ့​လေသည်​။

ကျင်းရီ အ​ဆောင်​သို့ ကျန်းရှီ မ​ရောက်​လာခင်​ အချိန်​တွင်​ ....

ကျင်းရီ ကို ရှန်း စကားတစ်​ခွန်းမှမ​ပြော​သော်​လည်း ရှန်း သည်​ ​သေရည်​ကို ​ရေ​သောက်​သကဲ့သို့ ဆက်​တိုက်​​သောက်​​နေသဖြင့်​ ကျင်းရီ အပြုံးကြီးပြုံးကာ ​ပျော်​​နေ​လေသည်​။

ရှန်း အတွက်​ ​နောက်ထပ်ေ​​သရည်​ငှဲ့​ပေးရန်​ပြင်​လိုက်​ချိန်​တွင်​ ​သေရည်​တို့မှာ ​လေးပုံသုံးပုံကုန်​​နေပြီကို ကျင်းရီ သတိထားမိ​လိုက်​သည်​။ သို့​သော်​လည်း ရှန်း မှာ အခုချိန်​ထိ ပုံမှန်​အ​ခြေအ​နေပင်​ ရှိ​နေ​သေးသည်​ကို ​တွေ့လိုက်​သည်​။

'အ​မေက ငါ့ကို မလိမ်​​လောက်​ပါဘူး ... ကြည့်​ရတာ ​ဆေးအစွမ်းပြဖို့ လို​သေးတယ်​ထင်​တယ်​ '

ဘုရင့်​ကိုယ်​လုပ်​​တော်​အား ခိုးယူခြင်းWhere stories live. Discover now