Chapter - 46

11.8K 1.3K 116

အတိတ်​ကိုအ​တွေးခရီးနှင်​​နေ​သော မိန်​​ကွေ့ တဖြစ်​လည်း ကျင်းရီ သည်​ ကြီးမား​သော​သေရည်​အိုးကို ယူလာသည့်​ ချုံး ကို ​တွေ့​သောအခါမှသာ အ​တွေးများ လက်​ရှိအချိန်​သို့ ပြန်​​ရောက်​လာ​လေသည်​။ ထို့​နောက်​ ချုံး ကို အခန်းမှ ထွက်​သွားခိုင်းလိုက်​ပြီး အကြံအပြည့်​နှင့်​ပြုံးရင်း အဖြူ​ရောဖန်​ဘူးထဲမှ အမှုန့်​များကို ​သေရည်​အိုးထဲသို့ ​လောင်းထည့်​လိုက်​​လေသည်​။

တစ်​နာရီကို စိတ်​မရှည်​နိုင်​စွာ ​စောင့်​​နေပြီး​နောက်​ သူမအခန်းသို့ကပ်​လာ​နေ​သော ​ခြေသံတို့ကို ကြားလိုက်​ရသည်​။ ကျင်းရီ မျက်​နှာ​ပေါ်မှခြယ်​ထားသည်​တို့ကို တစ်​ချက်​ကြည့်​လိုက်​ပြီး အ​စေခံတို့ အသိမ​ပေးခင်​ပင်​ တံခါးကို ချက်​ချင်း​ပြေးဖွင့်​လိုက်​သည်​။

"အရှင်​မင်းကြီးကို ဒီည ပြုစုခွင့်​ရတာ အတိုင်းမသိ ဝမ်းသာမိ​ကြောင်းပါ"

ကျင်းရီ အရိုအ​သေပြုကာ ရှက်​ပြုံးနှင့်​ ​ပြော​လေသည်​။ သို့​သော်​ ရှန်း မှာ ဂရုပင်​မစိုက်​ဘဲ လျစ်​လျူရှုကာ အခန်းတွင်းသို့ ဝင်​သွား​လေသည်​။ ကျင်းရီ တံခါးပိတ်​လိုက်​ပြီး ​ပျော်​ရွှင်​စွာပြုံးရယ်​ရင်း ရှန်း အ​နောက်​က​နေ လိုက်​လာ​လေသည်​။

ထိုင်​ခုံများအနက်​မှ ခုံတစ်ခုံေ​ပ်ါတွင်​ ရှန်း ထိုင်​လိုက်​သဖြင့်​ ကျင်းရီ အမြန်​​ပြေးကာ ​ဘေးတွင်​ ထိုင်​လိုက်​​လေသည်​။

အချိန်​ကြာသွား​သော်​လည်း ရှန်း မှာ စကားတစ်​ခွန်းမျှပင်​ မဆို​ချေ။ သူ့ပုံစံမှာ အ​ကြောင်းရာတစ်​ခုကို နက်​နက်​နဲနဲ​ ​တွေး​တော​နေပုံရသည်​။ အ​ရှေ့တွင်​ ရှိ​နေ​သော ကျင်းရီ သည်​ သူမကို ရှန်း ဂရုမစိုက်​သဖြင့်​ စိတ်​ရှုပ်​သွား​သော်​လည်း ပြုံးလိုက်​ကာ သနားစဖွယ်​ပုံဟန်​လုပ်​ရင်း ....

"အရှင်​မင်းကြီး ... ကျွန်​​တော်​မျိုးမ​ကြောင့်​ စိတ်​မကြည်​မလင်​ဖြစ်​သွားရင်​ စိုးရွံ့မိပါတယ်​"

သူမထင်​ထားသည်​နှင့်​ ဆန့်​ကျင်​စွာ ရှန်း အခုထိ သူမကို ရှိသည်​ဟုပင်​ မ​တွေး​ပေ။

ဘုရင့်​ကိုယ်​လုပ်​​တော်​အား ခိုးယူခြင်းWhere stories live. Discover now