ရှင်းသန့်ချက်ချင်းပင်ဆွဲကြိုးလေးကိုယူကာသွန်းအခန်းဆီသို့ဦးတည်လာလိုက်သည်။

သွန်းအားတံခါးခေါက်ခေါ်သော်လည်းအခန်းထဲတွင်ရှိပုံမထင်ရသောကြောင့်မိခင်ဖြစ်သူမှာ-

"သွန်း မရှိဘူးလေ သားငယ်"

"ဘယ်သွားတာလဲ မေမေ..?"

"ကျူရှင်သွားတယ်လေ ပြီးတော့သူ့သူငယ်ချင်းမွေးနေ့မို့နောက်ကျမယ်ပြောတယ်သား"

"ဪ...ဟုတ် မေမေ"

ထို့ကြောင့်ရှင်းသန့်လက်ထဲမှကိုင်ထားသောဆွဲကြိုးပါးပါးလေးအားကိုင်ကာအခန်းထဲသို့ပြန်ဝင်လာ၍သူ့လွယ်အိတ်လေးထဲတွင်ထည့်၍သိမ်းထားလိုက်လေတော့သည်~

****************

"ဟန်ဆောင်လင်မယား????

"ဟုတ်တယ်.."

မင်းခန့်မောင်တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမကြားဖူးသည့်စကားဖြစ်သောကြောင့်သောက်နေသောအအေးပင်သီးသွားသယောင်ရှိသည်။

မြတ်နိုးကိုကိုပြောသောဟန်ဆောင်လင်မယားကိုလည်းသူနားမလည်၊ဘာကိုဆိုလိုချင်သည်ကိုလည်းသဘောမပေါက်။

သို့သော်လည်းမိဘများစီမံသည့်အတိုင်းစေ့စပ်ပွဲကလာတော့မည်ဖြစ်တာကြောင့်နားမလည်သောပရိယာယ်စကားများကိုမမှုတော့ပဲစကားလမ်းကြောင်းလွှဲကာဆက်ပြောခဲ့ကြသည်။

ထို့နောက်အအေးဆိုင်လေးဟာလည်းသူတို့နှစ်ယောက်ထွက်သွားပြီးနောက်တိတ်ဆိတ်ကာလူရှင်းလာခဲ့လေသည်။

မိုးဦးခါစမို့ပတ်ဝန်းကျင်မှာအနည်းငယ်မှောင်မိုက်နေပြီးလေအေးများလည်းတိုတ်ခတ်လျက်ရှိနေသည်။

မိုးတွင်းကာလတွင်သူတို့နှစ်ဦးမင်္ဂလာဆောင်ရတော့မည်ဖြစ်သော်လည်းအချစ်မပါတဲ့အတင်းအကြပ်လုပ်ဆောင်မှုတစ်ခုဖြစ်တာကြောင့်ပြတင်းပေါက်မှထိုးဖောက်ဝင်လာတဲ့မိုးသက်လေကအေးချမ်းနေသော်လည်းမြတ်နိုးကိုကိုရင်ထဲတွင်ပူလောင်လျက်ရှိနေသည်။

မင်းခန့်မောင်ဘက်ကိုကြည့်လျင်လည်းအရင်ကချစ်မြတ်နိုးခဲ့ရဖူးသောကောင်မလေးနှင့်အဆက်အသွယ်ပြတ်ပြီးနောက်ပိုင်းအလုပ်ကိုအာရုံစိုက်ဖိလုပ်ခဲ့ရာသူဌေးမှသဘောကျ၍အကျင့်စာရိတ္တကောင်းမွန်သူဖြစ်သောကြောင့်သမီးဖြစ်သူနှင့်အမြန်စီစဉ်ပေးမိပြီးမငြင်းဆန်နိုင်ပဲလက်ခံလိုက်ရခြင်းဖြစ်သည်။

Pasture(Past+Future) [Completed]Where stories live. Discover now