Chapter - 43 (Zawgyi & Unicode)
Start from the beginning
အိုက်ရှင်း နားမလည်​သလိုကြည့်​လိုက်​ပြီး သိချင်​စိတ်​တို့အပြည့်​နှင့်​ ....
"ခြင်​​တွေ ကြွက်​​တွေကို ကျွန်​​တော်​လည်း မ​တွေ့ပါလား ... ဘယ်​မှာ​တွေ့ခဲ့လို့လဲ"
ရှန်း ပြုံးလိုက်​ပြီး ​ခေါင်း​မော့ကာ အိုက်​ရှင်း နဖူးကို နမ်းလိုက်​ပြီး ...
"ယုန်​​လေး ... ဒီနန်း​တော်​ထဲမှာ ငါ့ကို​နှောင့်​ယှက်​​နေတဲ့ ခြင်​​နဲ့ကြွက်​ အကြီးကြီး​တွေ အများကြီးပဲ"
ခြင်​နှင့်​ကြွက်​ အကြီးကြီး​တွေ ရှန်း ကို ​နှောင့်​ယှက်​​နေသည်​ဟု သိရသဖြင့်​ အိုက်​ရှင်း လန့်​သွား​​လေသည်​။
"ရှန်း ... သူတို့​တွေ ဒဏ်​ရာရ​အောင်​ လုပ်​​သေးလား"
(T/N : တကယ်​ဘာမှကိုမသိတာ XP)
အိုက်​ရှင်း စိတ်​ပူစွာ ​မေးသဖြင့်​ ရှန်း မြတ်​နိုးစွာ ပြုံးလိုက်​ရင်း ....
"မလုပ်​​သေး​တော့ သူတို့အတွက်​ ကံ​ကောင်း​နေတာ​ပေါ့ ... တကယ်​လို့ လုပ်​လာရင်​ အကုန်​လုံးကို ရှင်းပစ်​မှာ"
အိုက်​ရှင်း အူ​ကြောင်​​ကြောင်​​လေးနှင့်​ ကြည့်​​နေ​သော်​လည်း ရှန်း မှာ အနမ်းတစ်​ပွင့်​​ပေးလိုက်​ပြီး အမတ်​တို့ကို ခန်းမထဲတွင်​ ​တွေ့မည်​ဟု အ​စောင့်​ကို ​ပြောလိုက်​​လေသည်​။
အရင်​အချိန်​များနှင့်​ ဆန့်​ကျင်​စွာ ယခုတစ်​ခါတွင်​ အိုက်​ရှင်း ကိုလည်း ရှန်း အတူ​ခေါ်သွား​လေသည်​။ ခန်းမထဲဝင်​လိုက်​လျှင်​ပင်​ အမတ်​တို့​ရောက်​နှင့်​​နေကြပြီး ဧကရာဇ်​ကိုမြင်​လိုက်​ကြသည့်​အခါ မတ်​တပ်​ရပ်​ကြပြီး အရိုအ​သေ​ပေးကြ​လေသည်​။
အိုက်​ရှင်း ကို ကိုယ်​​တိုင်​​တွေ့မြင်​ရသဖြင့်​ အမတ်​တို့လန့်​သွားကြပြီး အမတ်​ ယု သည်​လည်း ထို​ကောင်​​လေးကို မင်းကြီး အရူးအမူးဖြစ်​​နေရသည့်​အ​ကြောင်းကိုလည်း သိသွား​လေသည်​။ အမတ်​တို့၏အကြည့်​ကို ဂရုမစိုက်​ဘဲ ဘုရင့်​ပုလ္လင်​​ပေါ်ကို သွားလိုက်​ပြီး အိုက်​ရှင်း ကို ​ဘေးတွင်​ ထိုင်​​ရန်​ ​ပြော​လေသည်​။