Chapter - 42

11.5K 1.2K 50

ကျင်းရီ ကို မြင်​သွားသဖြင့်​ အိုက်​ရှင်း လန့်​သွား​သော်​လည်း ပြုံးကာ နှုတ်​ဆက်​လိုက်​သည်​။ ကျင်းရီ ကလည်း ပြန်​ပြုံးလိုက်​ကာ ....

"အိုက်​ရှင်း ... မင်းကြီးက ဒီ​နေ့အတူမရှိဘူးလား"

အိုက်​ရှင်း က ပြုံးလျက်​ပင်​ ...

"ရှန်း က အလုပ်​မပြီး​သေးတာ​ကြောင့်​ ဒီ​နေ့မလာနိုင်​ဘူးတဲ့"

ရှန်း ကို ဂုဏ်​ပုဒ်​တပ်​​ခေါ်မည့်​အစား အမည်​ရင်းကို သုံးနှုန်းလိုက်​သည့်​ အိုက်​ရှင်း ကို ကျင်းရီ ကိုင်​လှုပ်​ကာ ​ရေထဲပစ်​ချချင်​သည်​အထိ ကြံလိုက်​မိ​သော်​လည်း သူမအကြံကို သတိရကာ ချက်​ချင်းပြုံးလိုက်​ပြီး ...

"အိုက်​ရှင်း ... မင်းကြီးက နင်​နဲ့အတူ အမြဲရှိ​နေတာလား"

အိုက်​ရှင်း စဉ်းစားလိုက်​ပြီး သူ့အနားတွင်​ ရှန်း အမြဲရှိ​နေတတ်သည်​ကို သတိရလိုက်​သည်​။ ထိုအခါ အိုက်​ရှင်း ​ပျော်​ရွှင်​စွာပြုံးလိုက်​ပြီး ...

"ရှန်း က သူအားတဲ့အချိန်​တိုင်း ကျွန်​​တော်​နဲ့အတူ အမြဲလာ​နေတာ သ​ဘောကျတယ်​ထင်​တယ်​"

ဘုရင်​မှာ သူနှင့်​အတူ အမြဲအချိန်​ကုန်​ဆုံး​လေ့ရှိသည်​ဟု ​ပြောသည့်​အခါ အိုက်​ရှင်း ​ပျော်​​နေသည်​ကို ​ကျင်းရီ ​တွေ့လိုက်​သဖြင့်​ မျက်​​မှောင်​ကြုတ်​ကြည့်​ကာ ဘာမှမ​ပြော​တော့ဘဲ ချုံး ကို ကြည့်​လိုက်​​လေသည်​။

"နင်​ ...နင်​..နင်​ အရမ်း တစ်​ကိုယ်​​ကောင်းဆန်​တာပဲ !!!"

အိုက်​ရှင်း ကို ချုံး ​အော်​လိုက်​သဖြင့်​ အိုက်​ရှင်း နားမလည်​ဟန်​ကြည့်​ကာ ...

"ဘာကို​ပြောတာလဲ"

ကျင်းရီ ချုံး ကိုကြည့်​ကာ ဆူလိုက်​သည်​။

"ချုံး ... ​တော်​​တော့ ... ​တောင်းပန်​ပါတယ်​ အိုက်​ရှင်း ရယ်​ ... သူ့ကို ခွင့်​လွှတ်​​ပေးပါ​နော်​"

အိုက်​ရှင်း ကို ချုံး လက်​ညိုးထိုးရင်းနှင့်​ ....

"ကိုယ်​​လုပ်​​တော်​ ကျင်းရီ .... တကယ်​ကြင်​နာတတ်​တာပဲ .. သူက မင်းကြီးကို တစ်​ကိုယ်​​ကောင်းဆန်​ဆန်​နဲ့ သူ့အနားမှာ အမြဲ​ခေါ်ထားတာ​တောင်​မှ သခင်​မ​လေးက သူ့ခံစားချက်​ကို စဉ်းစား​ပေး​နေ​သေးတယ်​"

ဘုရင့်​ကိုယ်​လုပ်​​တော်​အား ခိုးယူခြင်းWhere stories live. Discover now