Chapter - 37 (Zawgyi & Unicode)
30K 3K 81
●●●Zawgyi●●●
ရှန်း အခန်းထဲတွင်​ ....
သံပတ်​အရုပ်​​လေးနှင့်​ ​ပျော်​ရွှင်​စွာ ​ဆော့​နေ​သော အိုက်​ရှင်း ကို ရှန်း ကြည့်​​နေလျက်​ အိုက်​ရှင်း ​ရှေ့သို့ ​လျှောက်​သွားပြီး ကိုယ်​ကိုကိုင်းလိုက်​ကာ ....
"ယုန်​​လေး ... အဲဒီအရုပ်ကို ကြိုက်​လား"
အိုက်​ရှင်း ​​တောက်​ပ​သော အပြုံးနှင့်​ ​ခေါင်းညိတ်​ပြပြီး ....
"ရှန်း လည်း ​ဆော့မလား ... အရမ်း​ပျော်​စရာ​ကောင်းတယ်​"
"ဟား ... ဟား ... မ​ဆော့​တော့ပါဘူး ... ယုန်​​လေးရှိ​နေပြီးသားကို .."
အိုက်​ရှင်း မယုံသင်္ကာနှင့်​ ကြည့်​လိုက်​ပြီး ....
"တကယ်​လား ... ကျွန်​​တော်​လည်း မ​တွေ့ပါလား .. လိမ်​​နေတာမလား"
(T/N : သူ့ကို​ပြော​နေတာကို မသိရှာဘူး :P)
ရှန်း သ​ဘောကျစွာ ရယ်​လိုက်​ပြီး ....
"မင်းကို​တော့ လုံးဝမလိမ်​ပါဘူးကွာ"
အိုက်​ရှင်း အမြန်​ပင်​ မတ်​တပ်​ရပ်​လိုက်​ပြီး တက်​ကြွစွာ ​မေး​လေသည်​။
"ဒါဆို ကျွန်​​တော်​ ကြည့်​လို့ရမလား"
ရှန်း လည်း ရယ်​လိုက်​ကာ ...
"တကယ့်​ယုန်​​လေး ပြ​ပေးရင်​​ရော ရမလား"
ထိုအခါ အိုက်​ရှင်း ​ပျော်​ရွှင်​စွာ ​ခေါင်းညိတ်​ပြ​လေသည်​။
တော်​ဝင်​ဥယျာဉ်​ထဲတွင်​ ​သေတ္တာငယ်​ပုံစံတို့ကို တပ်​ဆင်​​နေ​သော ရှန်း ကို အိုက်​ရှင်း ကြည့်​​နေရင်း ....
"ဘာလုပ်​​နေတာလဲဟင်​"
အိုက်​ရှင်း ​မေးသည်​ကို ရှန်း ပြန်​မ​ဖြေဘဲ ပြုံးသာပြုံးပြ​လေသည်​။
ထောင်​​ချောက်​တို့ကို ​သေချာတပ်​ဆင်​ပြီး​နောက်​ ရှန်း ​ပျော်​ရွှင်​စွာ အိုက်​ရှင်း ဆီကို လမ်း​လျှောက်​လာပြီး ​မြေပြင်​​ပေါ်မှ ​ပွေ့ချီလိုက်​​လေသည်​။