{၁၂}

2.5K 165 5
                                    

Zawgi...

"ဟူး....အခုမှပဲနားရ​တော့တယ်​..."

ရတု ဂျူတီကုတ်​​လေးကိုချွတ်​ပြီး stand
ပေါ်တင်​ကာ...ငြီးငြူလိုက်​သည်​.....
နေ့ညမနားတမ်း​ပြေးလွှားထားရသည်​မို့
...ခပ်​နွမ်းနွမ်းမျက်​နှာထက်​အပြုံးတို့​ပျောက်
ဆုံး​နေခဲ့သည်​မှာကြာ​လေပြီ....

ဒီ​နေ့​တော့ဖြင့်​....ကျန်​အလုပ်​များကို
တစ်​ဦးတည်း​သော စိတ်​ချထားရသည့်
ဆရာဝန်​​လေး မြတ်​မင်းထံအစစအရာ
ရာ လွှဲကာ...သူအိမ်​ပြန်​နားမည်​ဖြစ်
သည်​....

မနားလို့လည်းမရ​တော့..မျက်​တွင်းများ
အကွတ်​လိုက်​ညိုလျက်​..ခပ်​ယဲ့ယဲ့သာကျန်
တော့​သော သူ့ကို..အခြားဆရာဝန်​များ
ကပင်​....အတင်းအကျပ်​နားခိုင်​​နေကြ​လေ
ပြီ....ထို့​ကြောင့်​ ဒီည​တော့ဖြင့်​ပြန်​နား
ကာ မနက်​ဖြန်​ ​နေ့လည်​​လောက်​မှပြန်
လာရန်​သူဆုံးဖြတ်​ခဲ့ခြင်းဖြစ်​သည်​.....

အမှန်​ဆို....​မေ​မေသာလုပ်​ခိုင်းရင်​ သူ
သည်​ ​ဆေးရုံအုပ်​ပင်​ဖြစ်​​နေ​လေပြီ....
မိမိက အ​ရေးကြီးဆုံးကိစ္စများမှသာ...
လုပ်​ကိုင်​ရမည်​ဖြစ်​ပြီး...ယခုသူလုပ်​​နေ
သလို အ​သေးစားကုသမှု​လေးများကို..
လိုက်​လုပ်​​နေစရာ​တောင်​မလို​ပေ...သို့
ပေမဲ့...အဲ့ဒီလို​အေး​ဆေး​နေချင်​လို့...
သူဆရာဝန်​လုပ်​ခဲ့သည်​မှမဟုတ်​ပဲ.....
ဘာပဲဖြစ်​ဖြစ်​ အ​ပြေးအလွှား ​ဆေးကု​နေ
ရသည်​ကိုပဲ သူက​ကျေနပ်​​နေသူပဲ​လေ..

"ဟင်း...မိုးကလည်းသည်းလိုက်​တာ"

ဆေးရုံအ​ပေါက်​၀၌ရပ်​ကာ..သူမ​ကျေ
မနပ်​​ရေရွတ်​လိုက်​သည်​...မိုးရွာတာကြိုက်
ပေမဲ့လို့...ထီးယူရန်​ပျင်းတက်​​သောသူ့
အတွက်​..အစိုခံရုံသာရှိသည်​မို့...အနက်
ရောင်​လက်​ကိုင်​အိတ်​​လေးကိုရင်​၀ယ်​ပိုက်
လျက်​...ခပ်​လှမ်းလှမ်းက ကားစီ သူ​ပြေးရ
တော့သည်​......

"ဟူး...​တော်​​တော်​​တောင်​စိုသွားတာပဲ"

ကားထဲဝင်​ထိုင်​လိုက်​ပြီး...အိတ်​​လေးကို
အခြားခုံဘက်​ပစ်​တင်​ကာ...ကား​လေးကို
မောင်းထွက်​လာခဲ့လိုက်​သည်​.....

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now