Chapter - 28 (Zawgyi & Unicode)
38K 3.4K 157
●●●Zawgyi●●●
မိဘုရား​ခေါင်​ကြီးအ​ဆောင်​​တော်​တွင်
မိဘုရား​ခေါင်​ကြီးသည်​ ဖန်​သားစားပွဲ​​ပေါ်တွင်​ တင်​ထားသည့်​ လည်​ဆွဲကို ကြည့်​ရှု​နေသည်​။
"မယ်​မယ်​ဘုရား .... အရမ်းကိုလှတဲ့ လည်​ဆွဲ​လေးပါလား ... မယ်​မယ့်​အတွက်​လား"
မိဘုရားကြီး ကြည်​လင်သည့်​အပြုံးနှင့်​ စိတ်​လှုပ်​ရှားစွာ ​ဖြေ​လေသည်​။
"ဒါက ရှန်း ရဲ့ သတို့သမီး​လောင်းအတွက်​​လေ"
မိဘုရားကြီးသည်​ မိမိကိုယ်​တိုင်​နှင့်​ သား​တော်​ထက်​ အခြားသူအတွက်​ စဉ်းစား​ပေးသည်​ကို ထူးခြားသည်​ဟု ကျင်း ​တွေး​နေမိစဉ်​ ရှန်း ပြန်​​ရောက်​လာသည့်​သတင်းကို မိဘုရားအား အသိမ​ပေးရသည်​ကို သတိရ​လေသည်။
"အာ.... ကျွန်​​တော်​မျိုးမ ​မေ့​တော့မလို့ ... အိမ်​​ရှေ့စံမင်းသား မ​နေ့ကပဲ ပြန်​​ရောက်​လာပါတယ်​တဲ့"
အံ့ဩမိကာ ​ပျော်​ရွှင်​သွားသဖြင့်​ ရှန်း အန္တရာယ်​ကင်းစွာ ပြန်​​ရောက်​လာသည်​ကို မိဘုရားကြီးမှာ နတ်​ဘုရားတို့ကို ​ကျေးဇူးတင်​​ကြောင်း ​ရေရွတ်​​နေ​လေသည်​။ ရှန်း အတွက်​ တစ်​ခုခုပြင်​ဆင်​​ပေးရန်​ ​ပြောမည့်​အချိန်​တွင်​ ရှန်း မှာ အခုထိ သူမထံမလာ​သေးသည်​ကို သိချင်​​သော​ကြောင့်​ ....
"ကျင်း ... အိမ်​​ရှေ့စံက ပြန်​​ရောက်​​နေပြီဆိုရင်​ ဘာလို့ ငါ့ကို လာမ​တွေ့​သေးတာလဲ"
"မယ်​မယ်​ဘုရား .... မင်းသားကို မင်းကြီးက ဖမ်းဖို့ အမိန့်​ထုတ်​ ...."
ကျင်း စကားပင်​မဆုံးမီ လည်​ဆွဲလွတ်​ကျသည့်​အထိ ထရပ်​လိုက်​ပြီး မျက်​နှာမှာလည်း ​ဖြူ​ဖျော့သွား​လေသည်​။
ကျင်း လည်း စိုးရိမ်​မိသဖြင့်​ ....
"မယ်​မယ်​ဘုရား .... မင်းသား​လေးက အန္တရာယ်​ကင်းပါတယ်​ .. သူ့ကို ဖမ်းဖို့ကြိုးစားတဲ့သူ​တွေကို သတ်​လိုက်​တယ်​လို့ ကြားပါတယ်​ ... အခုလည်း အ​ဆောင်​​တော်​မှာ နား​နေပါတယ်​ ... မယ်​မယ်​ဘုရား သိပ်​လည်း မစိုးရိမ်​ပါနဲ့"