Chapter - 16 (Zawgyi & Unicode)
39K 3.4K 70
●●●Zawgyi●●●
နောက်​တစ်​​နေ့မ​နက်​ မိုး​သောက်​ယံအချိန်​တွင်​ ....
ရှန်း အိုက်​ရှင်း နှင့်​ ကျန်းရှီ တို့ ​ခေါင်း​ဆောင်​​နေထိုင်​ရာ အိမ်​သို့ပင်​ ​ရောက်​လာကြ​လေသည်​။
အ​စေခံတစ်​​ယောက်​ ထွက်​လာသည့်​အချိန်​ထိတိုင်​ အိုက်​ရှင်း မှာ ရှန်း လက်​​ပေါ်တွင်​ အိပ်​​​ပျော်​​နေဆဲပင်​။
"ခရီးသွားတို့ .... ​ခေါင်း​ဆောင်​ ထန်​ နဲ့ ဘာကိစ္စများရှိလို့ပါလဲ"
ကျန်းရှီ က ​တော်​ဝင်​အမှတ်​တံဆိပ်​ကို ထုတ်​ပြလိုက်​ပြီး ....
"ငါက စစ်​သူကြီး ကျန်းရှီ ပဲ .... မိန်းက​လေး ထန်​ ကို နန်း​တော်​ထဲ​ခေါ်သွားဖို့အတွက်​ ​ရောက်​လာကြတာ"
ကျန်းရှီ ဘာ​ကြောင့်​ အခြားနှစ်​​ယောက်​ကိုလည်း မမိတ်​ဆက်​သည်​ကို အ​စေခံက သိချင်​မိပြီး ရှန်း နှင့်​ အိုက်​ရှင်း ကို သံသယအပြည့်​နှင့်​ ကြည့်​လိုက်​​သော်​လည်း နန်းတွင်းမှလူတို့ကို ဘာမှမ​မေးသာလျှင်​ ပို​ကောင်းသည်​ဟု သိထားသဖြင့်​ တခြားမ​ပြော​တော့​ပေ။ အ​စေခံကပင်​ ရှန်း တို့ကို နား​နေ​ဆောင်​သို့ ​ခေါ်သွားပြီး အနားယူကြရန်​​ပြောပြီး ​ခေါင်း​ဆောင်​ဆီသို့ သတင်းပို့​လေသည်​။
မနက်​ခင်းကို​ကျော်​လွန်​လာသည့်​အခါ ရှန်း နှင်း အိုက်​ရှင်း ကို နား​နေ​ဆောင်​တွင်​ ထားခဲ့ပြီး ​ခေါင်း​ဆောင်​ ထန်​ နှင့်​ ​တွေ့ရန်​ ကျန်းရှီ ထွက်​လာခဲ့သည်​။
"စစ်​သူကြီး ကျန်းရှီ .... သမီးငယ်​ကို ​ခေါ်​ဆောင်​ဖို့အတွက်​ မင်းကြီးက ဒီလိုစွမ်းအားပြည့်​ဝတဲ့သူကို လွတ်​လိုက်​လိမ့်​မယ်​လို့ မထင်​ထားခဲ့ဘူး .... အရှင်​မင်းကြီးရဲ့ ​ကျေးဇူး​တော်​ကြီးမားလှပါ​ပေတယ်​"
ကျန်းရှီ မျက်​လုံးတို့ကို တစ်​ဖက်​သို့အသာ​စောင်း၍ ....
'ဘုရင်​က သူ့သားကို ​သေ​ကြောင်းကြံဖို့အတွက်​ ဒီခရီးကိုသွားခိုင်းခဲ့တယ်​ဆိုတာ သိသွားရင်​ အခုလို ​ကျေးဇူးတင်​ဦးမှာလား '