<1>

15.5K 369 17
                                    

Intro:

သံယောဇဉ်တစ်ခုက ငါ့ရင်ထဲ အမြစ်တွယ်နေခဲ့ပြီ... အခုချိန်ထိ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကအရာတွေကို ပြန်လိုချင်နေမိတုန်း.....

-Zwe Khant Kha Aung

သူ့ကိုချစ်ရတာ နာကျင်မှုတွေကို ကျေနပ်စွာ ခံယူနေရသလိုပဲ... နောက်ဆုံးတော့ ငါပဲရှုံးနိမ့်ခဲ့ရတာပဲ... ငါ့အနားမှာ အမြဲရှိနေပေးတဲ့ မင်းကိုရော... ငါ ရှုံးနိမ့်ရဦးမှာလား....

-Min Khant Maung

မချစ်သင့်တဲ့အချစ်တစ်ခုနဲ့မင်းကိုချစ်မိပေမယ့်မဖြစ်သင့်တဲ့ စည်း တစ်ခုကခြားထားတာကြောင့်ငါ့အချစ်တွေကိုပဲမျိုသိပ်လိုက်ပါ့မယ်....

-Zay Yar Hein Htet

ချစ်ဖူးတယ်...ချစ်ခဲ့တယ်...အဲ့ဒါနဲ့မတန်အောင်နာကျင်ခဲ့ရတယ်...ဒီ့ထက်ပိုပြီးဒဏ်ရာတွေမပေးပါနဲ့တော့...ငါတို့နှစ်ယောက်ကြားကအချိန်ကာလအတွက်လည်းတောင်းပန်ပါရစေ...

-Moe Ma Kha

ကျွန်တော်တကယ်ချစ်တာဘယ်သူလဲ...? မသိဘူး... စဉ်းစားလိုက်တိုင်းအဲ့ဒီ "မသိဘူး" ဆိုတဲ့အဖြေပဲထပ်ခါထပ်ခါခေါင်းထဲရောက်လာတယ်...ယောကျင်္ားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ကိုတစ်ပြိုင်နက်ချစ်မိတဲ့ကျွန်တော်ကပဲအရူးလား...?

-Bhone Sitt Thwe

သူ့ရှေ့မှာခပ်ချေချေနေပြနေတယ်ဆိုတာကလည်းသူ့ကိုအရမ်းချစ်လို့...သူလာတိုင်းအဆက်မပြတ်ခုန်နေတဲ့ကျွန်တော့်ရင်တွေကိုထိန်းချုပ်ဖို့...သူ့ကြောင့်သရုပ်ပျက်နေတဲ့ကျွန်တော့်အမူအရာတွေကိုသူမမြင်အောင်မာထန်တဲ့မျက်နှာထားနဲ့ဖုံးကွယ်ခဲ့ရတာ....ဒါပေမယ့်သူကတော့....ကျွန်တော့်ကိုတကယ်မချစ်ဖူးဗျာ.....

-Shin Thant Myat Paing

မလိုချင်တဲ့မိသားစုတစ်ခုကိုရခဲ့တယ်... အလိုမတူတဲ့အိမ်ထောင်ရေးတစ်ခုကိုတည်ထောင်ခဲ့ရတယ်... ဒီအိမ်ထောင်ကိုဖျက်ဆီးဖို့ပိုက်ဆံမက်တဲ့ကောင်မလေးတစ်ယောက်ကိုအသုံးချခဲ့တယ်... ဒါပေမယ့်...အမှတ်မထင်ပဲ...သူ့ကိုချစ်မိသွားတယ်...

-Myat Noe Ko Ko

လောကမှာစည်းစိမ်ဥစ္စာတွေလောက်မက်မောစရာဘာမှမရှိဘူး...ငွေနဲ့ချစ်သူဆိုရင်တောင်မှသွန်းကငွေကိုပဲရွေးမှာ...ချစ်သူဆိုတာကိုယ့်ဘဝတစ်လျှောက်လုံးကိုတောက်ပပေးနိုင်မယ့်ငွေကြေးတွေလောက်မှအရေးမပါတာ....

Past and Future Where stories live. Discover now