Chapter - 2

19.9K 1.5K 9

၁၀နှစ်​ကြာပြီး​နောက်​ .....

အိမ်​​ရှေ့စံမင်းသား၏ အကြံ​ပေးချက်​နှင့်​ ​ဆောင်​ရွက်​မှုတို့​ကြောင့်​ ငါးနှစ်​တာအတွင်းတွင်​ ဆင်းရဲနွမ်းပါးမှု၊ ရာဇဝတ်​မှု၊ ဆူပူ​သောင်းကျန်းမှုတို့ ​ပျောက်​ကွယ်​ပြီး အရာရာအားလုံး တိုးတက်​​ပြောင်းလဲလာခဲ့သည်​။ ထိုအချိန်​အတိုင်းအတာမ​ရောက်​သေးချိန်​ခိုက်​တွင်​ အကျင့်​ပျက်​ခြစားမှု၊ ပြည်​သူ့ဘဏ္ဍာတို့ကို အလွဲသုံးစားလုပ်​​နေ​သော အရာရှိမှူးမတ်​များနှင့်​ ဧကရာဇ်​သည်​လည်း ကိုယ်​လုပ်​​တော်​များအတွက်​ ခမ်းနား​သောပွဲများလုပ်​​ပေး၍ အ​ကြောင်းမဲ့ ​ငွေ​ကြေးများကို သုံးစွဲမှုများရှိခဲ့သည်​။ သို့​သော်​ အိမ်​​ရှေ့စံမင်းသား အသက်​ ၁၆နှစ်​ပြည့်​​သောအခါတွင်​ ဘဏ္ဍာ​ရေးအပါအဝင်​ တိုင်း​ရေးပြည်​​ရေးတို့တွင်​ စည်းမျဉ်းများ တင်းကျပ်​စွာချမှတ်​လိုက်​ပြီး ညီလာခံအချိန်​တိုင်းတွင်​လည်း ခမည်း​တော်​ ဧကရာဇ်​အပါးတွင်​ ခစားပြီး အကြံ​ကောင်းများ ​လျှောက်​ထား​လေ့ရှိ​လေသည်​။

တိုင်းသူပြည်​သားတို့ ​နေ့စဉ်​ပုံမှန်​အတိုင်း လှုပ်​ရှား​ဆောင်​ရွက်​​နေကြချိန်​တွင်​ ဧကရာဇ်​ထံမှ မင်းမျိုးမင်းနွယ်​မိသားစုတို့နှင့်​ ဘုရင့်ထံပါးခစားကြ​သော မှူးမတ်​တို့ထံသို့ အမိန့်​စာချွန်​လွှာ ​ကြေညာလိုက်​သည်​။ အမိန့်​စာသည်​ အိမ်​​တော်​အသီးသီးတွင်​ရှိ​သော အလှဆုံးသမီးတစ်​​ယောက်​ကို ယ​နေ့မှစ၍ တစ်​ပတ်​အတွင်း နန်း​တော်​သို့ ဆက်​သရမည်​၊ အားလုံးအနက်​မှ တစ်​​ယောက်​သည်​သာလျှင်​ ဧကရာဇ်​၏ ​တော်​ဝင်​ကိုယ်​လုပ်​​တော်​အဖြစ်​ ​ရွေးချယ်​ခြင်းခံရမည်​ ဟူ၍ဖြစ်​သည်​။

ထိုအမိန့်​ကိုကြားသိရပြီး​သော အိမ်​​တော်​များ ​ပျော်​မြူးကြ​လေသည်​။ အကယ်​၍ သူတို့၏ သမီးသည်​ ဧကရာဇ်​၏ ဒုတိယမိဘုရားဖြစ်​​သော ​တော်​ဝင်​ကိုယ်​လုပ်​​တော်​အဖြစ်​ ​ရွေးချယ်​ခံရမည်​ဆိုလျှင်​ တိုင်းပြည်​အလယ်​တွင်​ အရှိန်​အဝါနှင့်​ ပြည့်​စုံ​ပေလိမ့်​မည်​ဟု သိရှိပြီး​သော​ကြောင့်​ဖြစ်​သည်​။ ပင်းကျင်းမြို့​တော်​၏ ယခင်ေ​န့လည်​ခင်းအချိန်​များနှင့်​ဆန့်​ကျင်​စွာ ​နေရာတိုင်းတွင်​ လိုအပ်​​သောပစ္စည်းများဝယ်​ယူ​နေကြသူများနှင့်​ ကုန်​ဆိုင်​ပိုင်​ရှင်​တို့၏ ကုန်​ပစ္စည်းတို့ကိုဝယ်​ရန်​ တိုက်​တွန်းသံတို့နှင့်​ ပြည့်​နှက်​​နေသည်​။ အိမ်​​စေတို့သည်​လည်း အ​ကောင်းဆုံးဆို​သော ပစ္စည်းများကို အလုအယက်​ ဝယ်​ယူ​နေကြသည်​။ အားလုံး​သောအိမ်​​တော်​တို့သည်​လည်း မိသားစု၏ သမီးပျိုတစ်​​ယောက်​ကို အများသူငါထက်​ အလှပဆုံးဖြစ်​​အောင်​ အစွမ်းကုန်​ကြိုးစား​နေကြသည်​။

ဘုရင့်​ကိုယ်​လုပ်​​တော်​အား ခိုးယူခြင်းWhere stories live. Discover now