အခန်း(၄၅) ဝမ်​​ဟောင်​နှင့်​ထပ်​မံ​တွေ့ဆုံခြင်း

10.7K 1.4K 38
                                    

အခန်း(၄၅) ဝမ်​​ဟောင်​နှင့်​ထပ်​မံ​တွေ့ဆုံခြင်း

ဥပ​ဒေကရာဇဝတ်​မှု​တွေကိုတားမြစ်​ထားတယ်​ ဒါ​ပေမယ့်​ ဒါကကမ္ဘာ​ပေါ်မှာရာဇဝတ်​မှုလုံးဝမရှိ​တော့ဘူးလို့ဆိုလိုတာမဟုတ်​ဘူး။ ဥပ​ဒေကပုဂ္ဂိုလ်​တစ်​ဦးတစ်​​ယောက်​လက်​နက်​ရုံပိုင်​ဆိုင်​ခွင့်​တားမြစ်​ထားတယ်​။ ဒါ​ပေမယ့်​လည်းသူတို့ရဲ့တည်​ရှိ​နေမှုကို​တော့တားမြစ်​ထားမနိုင်​ဘူး။ဥပမာ Shooting Club​တွေ။
ရှန်​ဟိုင်းမြို့ရဲ့ဆင်​​ခြေပုံးရပ်​ကွက်​​တွေထဲက Shooting club​တွေမှာ ဒုတိယမျိုးဆက်​က ချမ်းသာတဲ့လူငယ်​​တွေကအမြဲလိုလို ​သေနတ်​ပစ်​ပြိုင်​ပွဲ​တွေကျင်းပလိမ့်​ရှိတယ်​။ဒါဟာလက်​နက်​ကိုရူးသွပ်​​နေကြတာနဲ့တူတူပဲ။

ဒီလူချမ်းသာ​လေး​တွေသာမကဘူး ပထမမျိုးဆက်​အ​မွေဆက်​ခံသူ​တွေကလည်းဒီလို ​ခေတ်​​ဟောင်းအလုပ်​​တွေလုပ်​ကြတုန်းပဲ။သူတို့အချင်းချင်း အ​ကောင်းစားကား​တွေပြိုင်​ကြ၊ တွဲ​နေတဲ့အလှဆုံးမိန်းက​လေး​တွေပြိုင်​ကြ။ ဒီလိုလူ့​ဘော​ကြော့​တွေရဲ့ဘဝမျိုးကလူအ​တွေ အမြဲတမ်းရ​နေနိုင်​မယ့်​ဘဝ​တော့မဟုတ်​ဘူး။ဒီအသိုင်းအဝိုင်းထဲကလူ​တွေကသူတို့ရဲ့​နေရာကိုကြိုးစားထိန်းထားကြရတယ်​။ ဒီအသိုင်းအဝိုင်းထဲဝင်​ချင်​ရင်​သူတို့လိုဂုဏ်​အရှိန်​အဝါနဲ့ကြွယ်​ဝမှုမျိုးရှိထားမှဖြစ်​လိမ့်​မယ်​။ ​တော်​တဲ့သူ​တွေရဲ့​နောက်​မှာ​နောက်​ထပ်​ပို​တော်​သူ​တွေရှိ​နေတတ်​လိုပဲ။

"Yo....ဝမ်​​ဟောင်​ မင်းမဆိုးဘူးပဲ''

"Nah....ဒါသာမန်​ပါပဲ ဟားဟား''

အချီးကျူးခံလိုက်​ရ​ပေမယ့်​ ဝမ်​​ဟောင်​က​တော့သာမန်​ဖြစ်​ရုံဟုဆက်​လက်​ဟန်​​ဆောင်​​နေသည်​။နားကြပ်​ကိုချွတ်​လိုက်​ပြီး သူလူနှစ်​​ယောက်​ရုတ်​တရပ်​မြင်​လိုက်​ရသည်​။
ဘယ်​လိုလုပ်​သူဖြစ်​​နေတာလဲ!

"ခင်​များဘယ်​လိုလုပ်​ဒီ​ရောက်​​နေတာလဲ''

ချန်​အန်းကိုမြင်​လိုက်​ရလို့မအံ့သြမိဘူးဆိုဝမ်​​ဟောင်​အ​နေနဲ့လိမ်​ရာကျမှာ​ပေါ့။ ဒီ ကလပ်​ထဲဝင်​ချင်​ရင်​ချမ်းသာဖို့လိုတာလူတိုင်းသိတာပဲ။ကိုယ်​ပိုင်​လက်​နက်​​တွေပိုင်​ဆိုင်​ထားတာကဥပ​ဒေနဲ့မညီတဲ့အတွက်​ ဒီကလပ်​ထဲကိုဝင်​ရဖို့ကအ​တော်​ခက်​တယ်​။ ချန်​အန်းကသူတို့အထင်​​သေးတဲ့လူအ,မျိုးထဲကပဲ။ဒီကလပ်​ကို​ခြေချဖို့မ​ပြောနဲ့အခုလိုသိပြီးဝင်​လာတာက​တောင်​အ​တော်​ဆန်းကျယ်​​နေပြီ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now